Local News

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Last Updated:

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းမတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ မြစ်သားမြို့နယ်အတွင်း ဆောင်းမတ်ပဲစိုက်ဧက ၂၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ မတ်ပဲသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး သုံးလခန့်အကြာ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလဆန်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မတ်ပဲမျိုး ခြောက်ပြည်ခန့် ကုန်ကျပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၅၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၅-၁၆ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုအချိန်တွင် မတ်ပဲသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် ထွက်ပေါ်မည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူ တစ်ဦးထံမှာ သိရှိရသည်။

Category: Local News