Local News

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၆၅ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၉ သန်းကျော် လျော့ကျ

Last Updated:

     ၂၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၆၅ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၉ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ ပြည်ပသို့ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၆၅ ဒသမ ၉၄၅ သန်းရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လကုန်အထိ ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၉ ဒသမ ၀၇၆ သန်းလျော့ ကျခဲ့သည်။

     နှစ်အလိုက် ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၃၂ ဒသမ ၁၅၆ သန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၈၅၈ ဒသမ ၉၆၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget) ကာလအတွင်း ဒေါ်လာ ၄၈၁ ဒသမ ၆၅၇ သန်းရရှိခဲ့သည်။ မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိသည်။

     ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ရေချိုရေငန်ငါးပုစွန်ထုတ်လုပ်မှုအနေဖြင့် တန်ချိန် ၅၃၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ရေငန်ငါးဖမ်းလုပ်ငန်းမှ တန်ချိန် ၂၈၀၀ ကျော်ဖြင့် အများဆုံးထုတ်လုပ်ထားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ်လအထိ မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၁၀၅၅ ဒသမ ၆၆ တန်၊ အင်း လုပ်ငန်းမှ ၂၉၅ ဒသမ ၄၀ တန်၊ ဘုံငါးဖမ်းလုပ် ငန်းမှ၁၁၂၀ ဒသမ ၇၄ တန်နှင့် ရေငန်ငါးဖမ်း လုပ်ငန်းမှ ၂၈၄၄ ဒသမ ၈၃ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

     ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်းများမှတန်ချိန် ၁၁၂၁ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ၃၃၉ ဒသမ ၃၆ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၆၀ ဒသမ ၆၉ တန်နှင့်ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၂၄၉ ဒသမ ၇၀ တန်အထိ ထုတ်လုပ်ထားသည်။ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွင်း မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၄၉၅ ဒသမ ၄၉ တန်၊ အင်းလုပ်ငန်းမှ ၁၂၂ ဒသမ ၇၄ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၅၁၃ ဒသမ ၄၂ တန်နှင့် ရေငန် ငါးဖမ်းလုပ် ငန်းမှ ၁၄၄၉ ဒသမ ၈၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက မွေးမြူရေးလုပ်ငန်းများမှတန်ချိန် ၁၁၃၀ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၄၁ ဒသမ ၀၂ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၅၃  ဒသမ ၇၉၅ တန်နှင့် ရေငန် ငါးဖမ်းလုပ်ငန်းမှ ၃၁၅၂ ဒသမ ၁၄ တန်ထုတ်လုပ်ထားသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ရရှိနေပြီး  ကျေးလက်နေပြည်သူများ၏ ၆၈ ရာခိုင်နှုန်းက ယင်းကဏ္ဍမှ ရရှိသောဝင်ငွေအပေါ် မှီခိုရလျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Source: https://news-eleven.com
 

Category: Local News