Local News

ပြည်တွင်းရှိ ပဲများ လက်ကျန်နည်းလာတာကြောင့် အိန္ဒိယကုန်သည်များ ဝယ်လိုအား မြင့်တက်လာ

Last Updated:
ရွှေမန်း
          ပြည်တွင်းရှိ ပဲများ လက်ကျန်နည်းလာတာကြောင့် အိန္ဒိယကုန်သည်များ ဝယ်လိုအားမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ပြည်တွင်း ပဲမျိုးစုံအထွက် နှုန်း ၃၀ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ရာ ပို့ကုန်ပဲများအပါအဝင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြင့် ရောင်းချခဲ့ရာ လက်ရှိအချိန်တွင် ပြည်တွင်းလက်ကျန် ပဲသစ်များ ပစ္စည်းပြတ်လပ်ချိန် စောနိုင်သဖြင့် ပို့ကုန်ပဲသမားများ ဝယ်လိုအားကောင်းနေ တာကြောင့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဆက်လက်ဈေးမြင့်တက်နေကြောင်း တရုတ်လိုင်းတင်ပို့သည့် နှမ်း၊ မြေပဲများမှာ တရုတ်နယ်စပ် အခွန်ဆိုင်ရာ ကိစ္စရပ်များ မရှင်းလင်းသေးတာကြောင့် အရောင်းအဝယ်အေးနေကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများလည်း လိုက်ပါ ဈေးမြင့်တက်လာကြောင်း ရွှေစင် သိန်းပွဲရုံမှ ဦးကျော်သွင်က ပြော  သည်။
 
     "ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဆက်လက်ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယပဲကုန်သည်များ၏ အဝယ်သွက်လာတာကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀ç၀၀၀ ခန့် ဈေးမြင့်တက်လာပါတယ်။ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀-၂၄၀၀၀၀၊ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၁၂၀၀၀-၂၁၃၀၀၀ ပေါက်ဈေး ဖြစ်လာပါတယ်။ ပြည်တွင်းပဲ အထွက်နှုန်းနည်းပါးခြင်း၊ အိန္ဒိယကုန်သည်များ၏ ပဲလိုအပ်ချက် များပြားခြင်း၊ လက်ရှိအချိန်တွင် ပို့ကုန်ပဲများ သင်္ဘောတင်ကာလ ဖြစ်တာကြောင့် ယခုလို ဈေးဆက်တိုက် မြင့်နေခြင်းဖြစ်ပါတယ်။ တရုတ်လိုင်းတင်ပို့နေသည့် ပဲများမှာ သီတင်းပတ် သုံးပတ်ခန့်အထိ  ဆက်တိုက်ဈေးအေးနေပါတယ်။ ပို့ကုန်ပဲများ ဈေးမြင့်တက်တာနဲ့ ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးမြင့်တက်လာရာ ကုလားပဲ V2 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၀၀၀၀ ပေါက်ဈေး မြင့်တက်လာပါတယ်။ ပြည်တွင်းသုံး ကုလားပဲများမှာလည်း လက်ကျန်နည်းပါးလာတာကြောင့် ရောင်းသူဈေးကွက်ဖြစ်နေပြီး ဈေးကွက်အတွင်း ပစ္စည်းစောစော ပြတ်လပ်မယ့်သဘောရှိပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးမြင့်တက်မှုမရှိသော်လည်း အရောင်းအဝယ်ခပ်သွက်သွက်ရှိနေပါတယ်။ နှမ်းမျိုးစုံဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ကျဆင်းနေပေမယ့် မြေပဲနီလုံးဆန်မှာ တစ်ပိဿာ ငွေကျပ် ၇၅၀၀-၇၈၀၀ ပေါက်ဈေးရှိနေပါတယ်။ ပဲသစ်ရာသီ စပေါ်ချိန် ကတည်းက အခုချိန်အထိ အမြင့်ဈေးတန်းဖြင့် တောင်သူများ ရောင်းချခဲ့ရသော်လည်း အခြားသွင်းအားစု မျိုး၊ မြေဩဇာ၊ လုပ်သားဈေးနှင့် စက်သုံးဆီဈေးများ ကြီးမြင့်တာ ကြောင့် တောင်သူများ အကျိုး အမြတ်နည်းပါးခဲ့ပါတယ်´´ ဟု ၎င်းက ပြောသည်။            
 
           မေ ၁၁ ရက်တွင် ဆက်တိုက် ဈေးမြင့်တက်နေသည့် ပို့ကုန်မတ်ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ်  ၂၁၁၀၀၀-၂၁၂၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀-၂၄၀၀၀၀၊ပဲတီစိမ်း ရွှေဝါ ၅၆ ဒသမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၂၂၀၀၀ ပေါက်ဈေးသာရှိပြီး တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ကျော် ဆက် လက် ဈေးမြင့်တက်လာကြောင်း  မန္တလေးကုန်စည်ဒိုင်ပေါက်ဈေး များအရ သိရသည်။ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်း သုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများ ဈေးမြင့်တက်လာရာ မေ ၁၁ ရက်တွင် ကုလားပဲ   V2 တစ် အိတ်လျှင်ငွေကျပ် ၂၂၁၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊  ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၅၀၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၈၀၀၀၀၊ မြေပဲအနီ လုံးဆန်တစ်ပိဿာ ငွေကျပ် ၇၈၀၀- ၇၉၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
Source: မကွေးဂျာနယ်
 
Category: Local News