Local News

ကျိုက်လတ်မြို့နယ်၌ ဂန္ဓမာပန်းများ ဝယ်လိုအားကောင်းပြီး အရောင်းသွက်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဂန္ဓမာပန်းများ ဝယ်လိုအားကောင်းမွန်ပြီး အရောင်းသွက်နေကြောင်း ကျိုက်လတ်မြို့နယ် ပန်းမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ  ဒေါ်ဖြူဖြူအောင်၏ ပြောပြချက်အရ သိရသည်။ ကျိုက်လတ်မြို့နယ်အတွင်း ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ခြင်းကြောင့် ဂန္ဓမာပန်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း၊ အဆိုပါဒေသထွက် ဂန္ဓမာပန်းများကို  မအူပင်မြို့နယ်၊ ဖျာပုံမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့လတွေကထက်  ဝယ်လိုအားများလာတော့ စိုက်ပျိုးသူတွေ အဆင်ပြေပါတယ်။ ဒီနှစ်မှာ  ရာသီဥတုကကောင်းတော့ ပန်းတွေအောင်မြင်ဖြစ်ထွန်းပါတယ်။ ပန်းဈေးကလည်း မဆိုးပါဘူး။ ပန်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတွေက ခြံပြတ်စနစ်နဲ့ပန်းတွေကိုဝယ်ယူပြီး တခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချတာပါ။ လက်ရှိ ဂန္ဓမာပန်း ၁၅ ပွင့်ကို အပွင့်အကြီးအသေးပေါ်မူတည်ပြီး ငွေကျပ်  ၂၅၀၀  ကနေ ၃၅၀၀  အထိ ဈေးရတယ်” ဟု ဒေါ်ဖြူဖြူအောင် ကပြောသည်။

ကျိုက်လတ်မြို့နယ်၌ စပါးစိုက်ပျိုးရေး လုပ်ငန်းနှင့် ယှဉ်တွဲပြီး  ဂန္ဓမာပန်းများကို စီးပွားဖြစ် စိုက်ပျိုးကြခြင်းဖြစ်သည်။ “ဒေသထွက်ပန်းတွေကို ဒေသတွင်းမှာသာမက  တခြားဒေသတွေကိုပါ  တင်ပို့ရောင်းချနေပါတယ်။  လက်ရှိမှာ တခြား ဒေသတွေကနေ အဝယ်လိုက်နေတယ်။ ဒီနှစ် ရာသီဥတုကောင်းမွန်တာကြောင့် ပန်းပွင့်တွေကလှပြီး ရောင်းတမ်းဝင်တယ်”ဟု ကျိုက်လတ်မြို့နယ်မှ ပန်းစိုက်တောင်သူ ဒေါ်တင်ညိုက ပြောသည်။ အဆိုပါဂန္ဓမာပန်းကို အလျားပေ ၇၀၊ အနံပေ  ၃၀  ဘောင်ဖော်ပြီး  စိုက်ပျိုးကြကြောင်း သိရသည်။ အနံပေ  ၃၀  ဘောင်ဖော်ပြီး  စိုက်ပျိုးကြကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News