Local News

ကျောက်ဆည်ခရိုင်တွင် ဆောင်းမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိ

Last Updated:

ကျောက်ဆည်ခရိုင်မှာ သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်ပြီး စားဖိုဆောင်သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများကိုလည်းစိုက်ပျိုးကြပါသည်။ ဆောင်းမြေပဲကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၁၁၅၆)ဧကစိုက်ပျိုးထားရှိပြီး ယခုလက်ရှိအချိန်ထိ ဆောင်းမြေပဲရိတ်ဧက (၃၃)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၃၀၀၀၀)ကျပ်ကုန်ကျခဲ့ကြောင်း၊ ဆောင်းမြေပဲအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၄၀)တင်းခန့်ထွက်ရှိကြောင်း၊ မြေပဲစျေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် မြေပဲတောင့်တစ်တင်းလျှင် (၃၆၀၀၀)ကျပ်၊ မြေပဲဆံ(၁)ပိဿာလျှင် (၅၆၅၀) ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် မြေပဲတောင့်တစ်တင်းလျှင် (၂၇၀၀၀)ကျပ်၊ မြေပဲဆံ(၁)ပိဿာလျှင် (၆၂၀၀)ကျပ်၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ မြေပဲစျေးနှုန်းများကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီးပါက (၅၅၀၀၀၀)ကျော်ခန့်အမြတ်ရရှိကြောင်း မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News