Local News

မောင်တောကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလလျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၀-၂၀၂၃ မှ ၈-၁၀-၂၀၂၃ ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၀၉၄) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၀၉၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက် အပေါ် (၆.၁၄%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိက တင်ပို့လျက်ရှိပါတယ်။ အောက်တိုဘာလ (၁-၁၀-၂၀၂၃ မှ ၁၀-၁၀-၂၀၂၃ ထိ) တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာ ကွမ်းသီး(၁၅.၂)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ဒညင်းသီး (၂၇) တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ထန်းလျက်(၁)တန်၊တန်ဖိုး(၀.၀၀၁) ဒေါ်လာသန်း၊ နနွင်းတက် (၄) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၃၃.၆)တန်၊ တန်ဖိုး (၀.၀၄၃)ဒေါ်လာသန်း၊ ငါးစုံလေးခြောက်(၂၁)တန်၊တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးနီတူခြောက် (၂၁)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာ ဆီးယိုထုပ်(၂၇)တန်၊ တန်ဖိုး (၀.၀၆၀)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၄.၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက်(၁)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် အောက်တိုဘာလ(၁-၁၀-၂၀၂၃မှ၁၀-၁၀-၂၀၂၃)ထိ တင်သွင်း နိုင်ခဲ့ခြင်းမရှိခဲ့ပါ။

မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့်ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း(၁)တန်လျှင်(၁၂၆၆)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင်(၃၁၅၀)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင်(၆၃၀)ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန် လျှင် (၃၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ(၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀) ဒေါ်လာ၊ထန်းလျက်(၁)တန်လျှင်(၈၈၀)ဒေါ်လာ၊ နနွင်းတက်(၁)တန်လျှင် (၅၆၂)  ဒေါ်လာဈေးနှုန်း ရှိပါတယ်။  

မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် စစ်တွေ- ဘူးသီးတောင် -မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလား  ဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိပါသည်။

စစ်တွေမှမောင်တောသို့အတက်ကုန်ကားခတစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့်ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ်တစ်ပိဿာကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁)အိတ်(၁၁၆၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၈၀၀) ကျပ်၊ကြက်သွန်ဖြူ(၁)ပိဿာ(၈၅၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၃)လုံး(၁၀၀၀)ကျပ်၊ စားအုန်းဆီ(၁)ပိဿာ(၁၀၅၀၀) ကျပ်၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေခံ စားကုန်ဈေးနှုန်းများမှာဆန်(အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ(၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး(၁)ကီလို(၄၅.၀၀)တာကာ၊ ခရမ်းချဉ်သီး(၁)ကီလို(၁၅၀.၀၀) တာကာ၊ ကြက်သား (၁)ကီလို(၂၉၀.၀၀)တာကာ၊ ကြက်ဥ(၁)ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်း သိရှိရပြီး(၁၁-၁၀-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပ ငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၈၂၀) ကျပ်၊ (၁၁၇.၁၀) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၈.၂၀)ကျပ်ဖြစ်ပေါ်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News