Local News

ငရုတ်ခြောက်နှင့် ငရုတ်စိုများကို ထိုင်းမှအဝယ်လိုက်

Last Updated:
         လတ်တလောမှာ ငရုတ်သီးခြောက်နဲ့ ငရုတ်သီးအစိုတွေကို ထိုင်းနိုင်ငံက ဝယ်ယူနေတာကြောင့် အဝယ်လိုက် နေတယ်လို့ မုံရွာမြို့ငရုတ်စျေးကွက်ရှိ ဝယ်ရောင်းကုန်သည်တွေဆီကနေ သိရပါတယ်။စျေးကွက် အတွင်းမှာ ပခုက္ကူ၊ ဧရာဝတီတိုင်း၊ ကျောက်ဆည်ဒေသထွက် ငရုတ်တွေသာ ရောင်းဝယ်မှုရှိနေပြီး မုံရွာဒေသက ငရုတ်ကတော့ လာမယ့်ဒီဇင်ဘာလမှသာ ပြန်ပေါ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိပြည်တွင်း စျေးကွက်မှာ သာမို-၁၁ ငရုတ်သီးတစ်ပိဿာ ၁၆,၅၀၀ ကျပ်၊ ပခုက္ကူထွက် ငရုတ်သီးတစ်ပိဿာ ကျပ် ၉၀၀၀ ကနေ ၁၀,၀၀၀ ၊ မိုးထောင်၊ ဒီမွန်ငရုတ်တစ်ပိဿာ ကျပ် ၁၁,၀၀၀ နဲ့ ပြည်တွင်းအများဆုံးစားသုံးတဲ့ ပခုက္ကူထွက် ငရုတ်ရှည်ကတော့ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကနေ ၁၁,၀၀၀ စျေးအထိ ရှိနေတယ်လို့ သိရပါတယ်။
Category: Local News