Local News

မင်းဘူးခရိုင်၌ချည်မျှင်ရှည်ဝါသီးနှံများစိုက်ပျိုးပြီးစီး

Last Updated:

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီကာလ၌ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများ အပြင် ချည်မျှင်ရှည်ဝါသီးနှံများကို (၁) ဧကလျှင် ပိဿာ (၇၀၀) နှုန်း ထွက်ရှိရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ သီးနှံမျိုးစေ့များနှင့် စိုက်ပျိုးနည်းစနစ်များကို ပညာပေး ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးမှုအနေဖြင့် မင်းဘူး(စကု) မြို့နယ်တွင် စိုက်ဧက (၁၈၇၉) ဧက၊ ပွင့်ဖြူမြို့နယ်တွင် စိုက်ဧက(၁၂၄၈)ဧက၊ ငဖဲမြို့နယ်တွင် စိုက်ဧက (၉၀၀) ဧက၊ စလင်းမြို့နယ်တွင် စိုက်ဧက (၁၂၅၁၅) ဧက၊ စေတုတ္တရာမြို့နယ်တွင် စိုက်ဧက (၅၀) ဧက၊ စုစုပေါင်းစိုက်ဧက (၁၆၅၉၂) ဧကအား စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News