Local News

စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နေ့မှ ၁၃ ရက်နေ့အထိ  တင်ပို့ခဲ့သည့်  ပို့ကုန်ပစ္စည်းများအနေဖြင့်  မန်ကျည်းစေ့  (၁)  တန်လျှင်  အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၃၀၇)တန်၊ ဇီးဖတ် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၈၇)တန်၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၃၄)တန်၊ ငါးမြစ်ချင်း (၁-၂) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၅၀) နှုန်းဖြင့် (၇၁.၇၆)တန်၊ ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၇၀.၂၇၂)တန်၊ ငါးမြစ်ချင်း(၃-၅) (၁) တန် လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀) နှုန်းဖြင့် (၄၄.၈၈)တန်၊ ငါးသိုင်းခေါင်းပွ (၅-၈) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၆၀) နှုန်းဖြင့် (၁၅.၅၀၄)တန်၊ ငါးသိုင်းခေါင်းပွ (၈ ကီလိုအထက်) (၁) တန် လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀) နှုန်းဖြင့် (၁၁.၇၆) တန်နှင့် ဇီးယိုထုပ်(၁) တန်လျှင် အမေရိကန် ဒေါ်လာ (၂၅၀) နှုန်းဖြင့် (၉၄) တန်တို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပစ္စည်းများ တင်သွင်းမှုအနေဖြင့် T-Shirt (၂၅၀၀) ထည် တင်သွင်းနိုင်ခဲ့သည်။

ဒေသငွေလဲနှုန်းအနေဖြင့် အမေရိကန် (၁) ဒေါ်လာလျှင် (၁၁၇.၂၀) တာကာနှင့် (၁) တာကာ လျှင် (၂၈.၃၀) ကျပ်ဖြစ်ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News