Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၈-၁၀-၂၀၂၅ မှ ၁၀-၁၀-၂၀၂၅) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၈၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၅၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၁၀၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၆၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၉၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၁၅၅၀ ၊ မုံရွာလတ်သန့် ကျပ် ၁၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူလတ်ကြီး ကျပ် ၅၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၅၀၊ မုံရွာသစ်ရှယ် ကျပ် ၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၁၀၀၊  မုံရွာလတ်သန့် ကျပ် ၁၀၀  နှင့် မုံရွာ လတ်ချော ကျပ် ၁၅၀ အသီးသီးဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၂၀ စီး (၇၂၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၅၇ စီး (၃၄၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၆၃ စီး(၃၇,၈၀၀ ပိဿာ) လျော့နည်းဝင်ရောက် ခဲ့ကြောင်းသိရသည်။    

ကြက်သွန်ဖြူ 

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့ နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်(ရှယ်)  ကျပ်  ၁၁၀၀၀၊ အောင်ပန်းထူး -၂   ကျပ် ၄၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀၀ ၊ အောင်ပန်းထူး-၄  ကျပ်  ၆၀၀၀ နှင့်  အောင်ပန်းထူး-၅    ကျပ် ၇၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူများ ဈေးငြိမ်လျက်ရှိသည်။ ယခင် အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်ရေ ၃၅၀၀(၁၀၅,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန် ဖြူအိတ်ရေ ၂၀၀၀ (၆၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်   ကြက်သွန်ဖြူအိတ် ၁၅၀၀ (၄၅,၀၀၀ ပိဿာ) လျော့ နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ 

 အာလူး

   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက်ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ တရုတ်အာလူး ကျပ် ၆၇၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အာလူး များဈေးငြိမ်လျက် ရှိသည်။ ကုန်စည်ဒိုင်သို့  အာလူးဝင်ရောက်မှုမှာ  ယခင်အပတ်က  ကားစီးရေ ၂၀ စီး(၁၂၀,၀၀၀   ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်း ကားစီးရေ ၂၀ စီး( ၁၂၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်းသိရသည်။   

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News