ပူတာအိုဒေသမှ ထွက်ရှိသည့် ဂရိတ်ဖရုသီးသည် အခွံပါးပြီး အရည်ရွှမ်း၍ မြန်မာနိုင်ငံတွင် ထင်ရှားသော ဆေးဖက်ဝင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ဂရိတ်ဖရုပင်များသည် စတင်စိုက်ပျိုးပြီး ၅ နှစ်၊ ၆ နှစ်ခန့်အကြာတွင် အသီးစတင်သီးလာပြီး၊ ၈ နှစ်ခန့်သက်တမ်းရှိချိန်တွင် အသီးလှိုင်လှိုင်သီး လာကြောင်းသိရသည်။ ဂရိတ်ဖရုသီးစားသုံးခြင်းဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါတို့ကို ကာကွယ်ပေးပြီး ကိုယ်ခန္ဓာအတွင်း အစာခြေစနစ်ကို ထိန်းညှိပေးခြင်း၊ အသားအရေလှပစေခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်၍ ဝယ်ယူစားသုံး ကြလျက်ရှိပြီး ဒေသထွက်လက်ဆောင်အဖြစ်လည်း ဝယ်ယူ၍ အနယ်နယ်ရပ်ရပ်ရှိ ဆွေမျိုး/ မိတ်ဆွေ များသို့ ယူဆောင်ပေးပို့ကြလျက်ရှိကြောင်းသိရှိရသည်။ ယခုအခါ မြစ်ကြီးနားမြို့ ဈေးကွက်ထဲသို့ အောက်တိုဘာလဆန်းပိုင်းမှစ၍ ပူတာအိုဒေသထွက် ဂရိတ်ဖရုသီးများ ဝင်ရောက်လာပြီဖြစ်၍ သီးနှံ အရောင်းဆိုင်များတွင် ဂရိတ်ဖရုသီး တစ်လုံးလျှင်(သေး) ၁၀၀၀ ကျပ်မှ (ကြီး)တစ်လုံးလျှင် ၁၅၀၀ ကျပ်နှင့် အလုံး ၁၀၀ ပါ တစ်ခြင်းလျှင် ၈၀၀၀၀ ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး