အောက်တိုဘာလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ နှမ်းမျိုးစုံအသစ်များဝင်ရောက် နေပြီး အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နှမ်းနက်(စမုံ)မှာ ဈေးမြင့် နေပြီး၊ နှမ်းဖြူ(ဂျပန်)၊ နှမ်းဖြူ(ဗမာ)နှင့် နှမ်းညိုတို့မှာ အရောင်းအဝယ်အေး ဈေးအေးနေကြောင်း သိရသည်။
နှမ်းနက်(စမုံ) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၇၄၅၀၀၀ မှ ၇၇၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၇၀၀၀၀၀ မှ ၇၄၀၀၀၀ ကျပ်၊ ယခင်လ ၇၀၀၀၀၀ မှ ၇၃၅၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၃၅၀၀၀ မှ ၄၅၀၀၀ ကျပ်၊ ယခင်လထက် ၄၀၀၀၀ မှ ၄၅၀၀၀ ကျပ်ခန့်ဈေး မြင့်လာသည်။
နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၆၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၉၅၀၀၀ မှ ၃၀၅၀၀၀ ကျပ်၊ ယခင်လ ၂၉၅၀၀၀ မှ ၃၀၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၅၀၀၀ မှ ၃၀၀၀၀ ကျပ်၊ ယခင်လထက် ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်ခန့် ဈေးနိမ့် လာသည်။
နှမ်းဖြူ(ဗမာ) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၆၀၀၀၀ မှ ၂၇၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်၊ ယခင်လ ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၁၀၀၀၀ ကျပ် ဈေးမြင့်လာကာ၊ ယခင်လထက် ၅၀၀၀ မှ ၁၅၀၀၀ ကျပ်ခန့် ဈေးနိမ့်လာသည်။
နှမ်းညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၆၅၀၀၀ မှ ၂၈၅၀၀၀ ကျပ်၊ ယခင် တစ်ပတ် ၂၆၈၀၀၀ မှ ၂၇၅၀၀၀ ကျပ်၊ ယခင်လ ၂၆၅၀၀၀ မှ ၂၈၅၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ် ထက် အနိမ့်စ ၃၀၀၀ ကျပ်ခန့် ဈေးနိမ့်လာပြီး အမြင့်စ ၁၀၀၀၀ ကျပ်ခန့် ဈေးမြင့်လာကာ၊ ယခင်လ အတိုင်း ဈေးငြိမ်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး