Local News

မြေပဲဆန်နှင့် ဆီကြိတ်ဖတ်ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

   အောက်တိုဘာလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲဖတ်ဈေးနှုန်းတက်ပြီး အရောင်းအဝယ်သွက်လာသည်နှင့်အမျှ မြေပဲဆီဆန်မှာလည်း အရောင်းအဝယ်သွက်လာကြောင်း သိရသည်။

မြေပဲဆန်နှင့် ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-

   မြေပဲဆန် (S1 လုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ၇၈၀၀ မှ ၈၅၀၀ ကျပ်၊ ယခင်တစ်ပတ် ၇၇၀၀ မှ ၈၀၀၀ ကျပ်၊ ယခင်လ ၇၅၀၀ မှ ၈၃၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ မှ ၅၀၀ ကျပ် ခန့်ဈေးမြင့်လာပီး၊ ယခင်လထက် ၂၀၀ မှ ၃၀၀ ကျပ်ခန့် ဈေးမြင့်လာသည်။

   မြေပဲဆန် (S1ဆီဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ၇၂၀၀ မှ ၇၆၅၀ ကျပ်၊ ယခင်တစ်ပတ် ၇၀၀၀ မှ ၇၅၅၀ ကျပ်၊ ယခင်လ ၆၉၀၀ မှ ၇၇၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ မှ ၂၀၀ ကျပ်ခန့်ဈေးမြင့်လာပြီး ယခင်လထက် ၅၀ မှ ၃၀၀ ကျပ်ခန့် ‌ဈေးမြင့်လာသည်။

   မြေပဲဆန် (အနီလုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ၇၆၀၀ မှ ၈၂၀၀ ကျပ်၊ ယခင်တစ်ပတ် ၇၀၀၀ မှ ၇၈၀၀ ကျပ်၊ ယခင်လ ၇၃၀၀ မှ ၇၅၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၄၀၀ မှ ၆၀၀ ကျပ်ခန့်ဈေးမြင့်လာပြီး ယခင်လထက် ၃၀၀ မှ ၇၀၀ ကျပ်ခန့် ဈေးမြင့်လာသည်။

   ပဲဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ၅၄၀၀ မှ ၅၄၅၀ ကျပ်၊ ယခင်တစ်ပတ် ၅၂၅၀ မှ ၅၃၅၀ ကျပ်၊ ယခင်လ ၅၇၅၀ မှ ၅၈၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ မှ ၁၅၀ ကျပ်ခန့် ဈေးမြင့်လာပီး၊ ယခင်လထက် ၃၅၀ ကျပ် ခန့်ဈေးနိမ့်လာသည်။

   နှမ်းဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ၃၄၀၀ မှ ၃၅၀၀ ကျပ်၊ ယခင်တစ်ပတ် ၃၂၀၀ မှ ၃၃၅၀ ကျပ်၊ ယခင်လ ၃၄၀၀ မှ ၃၆၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၅၀ မှ ၂၀၀ ကျပ် ခန့်ဈေးမြင့်လာပြီး ယခင်လအတိုင်း အနိမ့်စ ဈေးငြိမ်နေပြီးအမြင့်စ ၁၀၀ ကျပ် ခန့် ဈေးမြင့်လာ သည်။

   နေကြာဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ၂၉၀၀ မှ ၃၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၉၀၀ ကျပ်၊ ယခင်လ ၂၉၀၀ မှ ၃၁၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း အနိမ့်စဈေးငြိမ်ကာ အမြင့်စ ၁၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ ယခင်လအတိုင်း အနိမ့်စဈေးငြိမ်ကာ အမြင့်စ ၁၀၀ ကျပ် ခန့် ဈေးနိမ့်လာသည်။

   မုန်ညင်းဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ၂၉၀၀ မှ ၃၀၀၀ ကျပ်၊ ယခင်တစ်ပတ် ၂၉၀၀ ကျပ်၊ ယခင်လ ၂၉၅၀ မှ ၃၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း အနိမ့်စ ဈေးငြိမ်ကာ အမြင့်စ ၁၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် အနိမ့်စ ၅၀ ကျပ် ဈေးမြင့်လာကာ အမြင့်စ ဈေးငြိမ်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News