Local News

ဈေးကျနေသည့် ခရမ်းချဉ်သီး

Last Updated:

   မကွေးမြို့ပေါ်ဈေးများတွင် ခရမ်းချဉ်သီးများအကျဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ ဈေးကျနေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း၊ ခရမ်းချဉ်သီးများ အဝင်များ လာခြင်း၊ ဒေသထွက်ခရမ်းချဉ်သီးများ ဈေးကွက်ထဲသို့ ရောက်ရှိလာ၍ ဈေးကျရခြင်းဖြစ်ကြောင်း သိရှိရသည်။ ရှမ်းသီးများမှာ ကြာရှည် အထားခံသော်လည်း ဒေသအသီးမှာ ချက်ကောင်းခြင်း၊ စား၍ ကောင်းခြင်းများကြောင့် ဒေသသီးကိုပို၍ ကြိုက်နှစ်သက်ကြသည်။

   ယခုနှစ်မှာ မိုးများခြင်းကြောင့် အထွက်နှုန်းလည်းမကောင်း၊ ဈေးလည်းမကောင်းသည့် အတွက် ခရမ်းချဉ်စိုက်တောင်သူများ ယခင်နှစ်လောက်ဈေးမရပါ။ ပြည်ပဝယ်လိုအားမရှိသော်လည်း ပြည်တွင်းသုံးစွဲမှုများသည့် သီးနှံတစ်ခုဖြစ်သည်။ ခရမ်းချဉ်သီးကို အမျိုးမျိုးပြုလုပ်၍စားသုံးကြရာ ဟင်းချက်၍လည်းကောင်း၊ ဆော့ချဉ်ပြုလုပ်၍လည်းကောင်း၊ သွားရေစာမုန့်အနေဖြင့် ယိုထိုး၍ လည်းကောင်း အမျိုးမျိုးစားသုံးလေ့ရှိကြသည်။

   ယခုလက်ရှိဈေးကွက်ထဲတွင် ခရမ်းချဉ်သီးတစ်ပိဿာလျင် လက်လီဈေးအနေဖြင့် ၂၅၀၀ ကျပ် မှ ၂၈၀၀ ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်ကားဈေးအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျင် ၁၈၀၀/ ၂၀၀၀/၂၂၀၀ ကျပ် ဈေးများဖြစ်ကြောင်းသိရှိရသည်။  

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News