Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

      မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (16-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(0.807)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.334) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (2.141) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (၁၂၆.၀၆၀) တန်၊ ငါးရှဉ့် (၃၀.၄၀၀) တန်၊ ရေခဲပုစွန် (၁၅.၈၅၀) တန်၊ ကြက်သွန်နီ (၂၉၀.၀၀၀) တန်၊ ကြေးနီ (၃၁.၅၀၀) တန်၊ ပုစွန်ဖွဲ (၁၀၀.၀၀၀) တန်၊ မိကျောင်းကွမ်းဖတ်စေ့ (၄၀.၃၂၀) တန်၊ နနွင်းတက် (၅၃.၂၀၀) တန်၊ သရက်သီး (၆၀.၀၀၀) တန်နှင့် မြေပဲ (၁၅.၃၅၀) တန်တို့ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ၊ သံပိုက်၊ ဝါယာကြိုးခေါင်း၊ လက်တွန်းလယ်ထွန်စက်(အင်ဂျင်မပါ)၊  ဆလင်ဒါ (စက်အပိုပစ္စည်း)၊   လိမ္မော်သီး၊ ဘက္ထရီ၊ ဓာတ်ဗူး၊ ကားတာယာ/ကျွတ်နှင့် ပီနံအိတ်တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၁6 ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (18.383) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (40.36) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (58.743) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ MACSS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၃၀၃.593) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm
 

Category: Local News