Local News

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ခြောက်သောင်းကျော် တင်ပို့နိုင်

Last Updated:

၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ် တန်ခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရသိရသည်။ “၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ သုံးလတာ ကာလအတွင်း ပြည်ပကို ငါးမျိုးစုံမက်ထရစ်တန်  ၆၁၃၇၂  ဒသမ ၇၄၂ တန်တင်ပို့မှုကနေ  အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၄၁၁ သန်းရရှိခဲ့ပါတယ်" ဟု ၎င်းကပြောသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန််လ ၃၀ ရက်အထိ သုံးလတာ ကာလအတွင်း ပြည်ပသို့ ငါးမျိုးစုံတင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၃၄၇၄၂ ဒသမ ၄၅၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၇၅၉ သန်းရရှိခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၆၆၃၀ ဒသမ ၂၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၅၂ သန်းရရှိသည့်အတွက် ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန်  ၆၁၃၇၂  ဒသမ  ၇၄၂ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၆၉ ဒသမ ၄၁၁ သန်းရရှိခဲ့သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ငါးမျိုးစုံ မက်ထရစ်တန် ၃၅၂၀၀ ဒသမ ၁၆၂ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၀၄ သန်းရရှိခဲ့သည်။ ပြည်တွင်းမှထွက်ရှိသော ရေထွက်ကုန်များကို တရုတ်၊  ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊   ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့ကြောင်း သိရသည်။         

Source: https://www.myawady.net.mm

Category: Local News