ဈေးကွက်ဈေးနှုန်း

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇူလိုင်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆီဆံဖြူ ဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ ဇူလိုင်လ တတိယပတ်တွင် နှမ်းညို တစ်တင်း ၁၀၁၀၀၀- ၁၀၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၂၅၀၀၀-၁၅၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀-၁၃၂၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၅၀၀၀-၁၀၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၁၇၀၀၀-၁၃၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၂၅၀၀၀-၁၄၅၀၀၀ ကျပ်ရှိ၍ ယခုအပတ်နှင့် ယခင်အပတ် ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၅၀၀၀ကျပ်နှင့် နှမ်းဖြူ တစ်တင်း ၃၀၀၀ ကျပ်နှုန်း မြင့်တက်နေကြောင်းသိရသည်။

ဇူလိုင်လ တတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၈၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၀၀၀-၈၁၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၈၀၀-၈၀၀၀ကျပ်ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၃၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၈၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၀၀၀-၇၂၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၅၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၃၀၀ကျပ်နှင့် မြေပဲလုံးဆီဆံဖြူ တစ်ပိဿာလျှင် ၈၀၀ကျပ်နှုန်း မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၅၀၀၀-၁၅၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၉၇၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၈၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၉၂၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။