Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇူလိုင် (၉ )ရက်နေ့မှ ဇူလိုင်( ၁၃)ရက်နေ့အတွင်း ပို့ကုန် ငါးကြိတ်သား (၁)တန်လျှင် (၁၈၂၄)ဒေါ်လာနှုန်းဖြင့် (၂၂.၅)တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်း၊ ရော်ဘာ (၁) တန်လျှင် (၁၄၂၃) ဒေါ်လာနှုန်းဖြင့် (၁၄၉၁.၈၄ ) တန်၊ တန်ဖိုး (၂.၁၂၁) ဒေါ်လာသန်း၊  ကြက်သွန်နီ (၁) တန်လျှင် (၄၆၇) ဒေါ်လာနှုန်းဖြင့် (၄၃၂.၄၂ ) တန်၊ တန်ဖိုး (၀.၂၀၂) ဒေါ်လာသန်း၊ ပြောင်း (၁) တန် လျှင် (၂၄၂) ဒေါ်လာနှုန်းဖြင့် (၂၄၇၃.၈၀ ) တန်၊ တန်ဖိုး (၀.၆၀၀) ဒေါ်လာသန်းအား ကား လမ်းကြောင်း ဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်းသိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ဇူလိုင် (၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်းသွင်းကုန် ဒီဇယ် (၁)တန်လျှင် (၈၂၁)ဒေါ်လာနှုန်းဖြင့် (၂၁၀၀)တန်၊ တန်ဖိုး (၁.၇၂၅)ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန် လျှင် (၉၂၃)ဒေါ်လာနှုန်းဖြင့် (၈၀၀)တန်၊ တန်ဖိုး(၀.၇၃၉)ဒေါ်လာသန်း၊  ရင်းနှီးမြှုပ်နှံမှုပစ္စည်း  (၁၀၀၀)M2၊ (၁၄၃) တန်၊ တန်ဖိုး(၀.၁၁၂)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၃၆)တန်၊ တန်ဖိုး (၀.၀၂) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၂.၅၉၆) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ (၁)လီတာ (၃၁၀၀)ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၂၇.၂) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News