Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ (၁၄) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၅၃၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၈၄၂)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၉၃၇၄) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ(၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ငရုတ်သီး (၃၉.၈၂၄)တန်၊ တန်ဖိုး (၀.၀၂၄၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၂၀.၇၄)တန်၊ တန်ဖိုး(၀.၁၇၂၇)ဒေါ်လာသန်း၊ ကွမ်းသီးခြောက်(၁၆၈.၀၀)တန်၊ တန်ဖိုး(၀.၂၅၃၂)ဒေါ်လာသန်း၊ ငှက်ပျောသီး (၂၀.၀၀)တန်၊ တန်ဖိုး(၀.၀၀၆၀)ဒေါ်လာသန်း ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၁၇၉.၉၆)တန်၊ တန်ဖိုး (၀.၂၉၃၄)ဒေါ်လာသန်းနှင့် တံမျက်စည်း (၁၈၀၀၀)U၊ တန်ဖိုး(၀.၀၀၃၆)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ (၇၉.၀၀)တန်၊ (၁၆၀၆) M2 ၊ တန်ဖိုး (၀.၀၁၈၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းများ (၃၆၀.၅၀)တန်၊ တန်ဖိုး (၀.၀၄၆၁)ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ (၁၄၈.၄၉၅) တန်၊ (၂၁၈၄၀၀)2U၊ (၆၀၀)U၊ တန်ဖိုး (၀.၁၁၉၃) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းများမှာ ငါးမျိုးစုံ (၈၆၄.၀၁၄) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၀၆.၀၆၉) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၄.၀၉၇) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၂.၁၄၉) ဒေါ်လာနှုန်း၊  ငရုတ်သီး (၅၉၃.၁၄) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၉၉) ဒေါ်လာနှုန်း   ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ -  ကျောက်မှုန့် (၇၉) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ကာဗွန်မှုန့် (၂၃၅၅) ဒေါ်လာ နှုန်း၊ ကော်ဇော (၅၇၁) ဒေါ်လာနှုန်း  ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၄-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News