Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇူလိုင်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သေ ပဲယင်းဝါနှင့်  ပြောင်းနီဈေးငြိမ်၍  CP ပြောင်းဖူးစေ့ ကျဆင်းနေပြီး  ဂျုံဖြူသန့်၊ ထိုင်ဝမ်၊ ပဲကြီး၊ မတ်ပဲ၊  ပဲစင်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊  ထောပတ်ပဲ၊  ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929နှင့် ကုလားပဲထိုင်ဝမ်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ  ဂျုံဖြူသန့် ၅၈၀၀၀ ကျပ်၊  ဂျုံထွက်တိုး ၄၉၅၀၀ ကျပ်၊ ထိုင်ဝမ် ၇၉၅၀၀ကျပ်၊ ပဲကြီး ၇၆၀၀၀ ကျပ်၊ မတ်ပဲ ၈၂၀၀၀-၉၅၀၀၀ကျပ်၊ ပဲစင်းငုံ ၁၄၀၅၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၅၃၀၀၀ ကျပ်၊ ပဲနီလုံးကြား ၇၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၈၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၁၀၀၀၀ ကျပ်၊  CP ပြောင်းဖူးစေ့ ၂၂၂၀၀ ကျပ်၊ ပြောင်းနီ ၂၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၁၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၁၀၀၀ ကျပ်၊  ကုလားပဲ 929 ၇၉၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၉၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၅၄၀၀၀ ကျပ်၊ ထိုင်ဝမ် ၇၆၀၀၀ကျပ်၊ ပဲကြီး ၇၂၀၀၀-၇၅၀၀၀ ကျပ်၊ မတ်ပဲ ၈၀၀၀၀-၉၅၀၀၀ကျပ်၊ ပဲတီစိမ်းကြီး (သ) ၅၇၀၀၀ ကျပ်၊ ပဲတီစိမ်းသေး ၅၃၀၀၀ ကျပ်၊ ပဲစင်းငုံ  ၁၃၉၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး  ၅၅၀၀၀ ကျပ်၊ ပဲနီလုံးကြား  ၆၆၀၀၀ ကျပ်၊ ပဲယင်းဝါ ၄၈၀၀၀ ကျပ်၊ ထောပတ်ပဲ ၁၁၅၀၀၀ ကျပ်၊ CP ပြောင်းဖူးစေ့ ၂၃၀၀၀ ကျပ်၊ ပြောင်းနီ  ၂၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး  ၇၈၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၈၀၀၀ ကျပ်၊ ကုလားပဲ 929 ၇၆၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၀၀၀ကျပ် ပေါက်ဈေးရှိ၍  ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက  ဂျုံဖြူသန့် တစ်တင်းလျှင် ၄၀၀၀ ကျပ်၊ထိုင်ဝမ် တစ်တင်းလျှင် ၃၅၀၀ကျပ်၊ ပဲကြီး တစ်တင်းလျှင် ၁၀၀၀ကျပ်၊ မတ်ပဲ တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် ၁၅၀၀ကျပ်၊ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ၂၀၀၀ ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၄၀၀၀ ကျပ်၊  ထောပတ်ပဲ တစ်တင်းလျှင် ၅၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံသေး တစ်တင်းလျှင် ၃၀၀၀ ကျပ်၊ ကုလားပဲ 929 ၃၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်းလျှင် ၃၅၀၀ ကျပ်နှုန်းမြှင့်တက်နေပြီး CP ပြောင်းဖူးစေ့ တစ်တင်းလျှင် ၈၀၀ ကျပ်နှုန်းကျဆင်းနေကြောင်းသိရသည်။                 

Category: Local News