Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၂ ) ရက်နေ့မှ(၈)ရက် နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အနီးစပ်ဆုံးကာလအောက် (၅.၆၁၀) ဒေါ်လာသန်းလျော့နည်းခဲ့

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှ စက်တင်ဘာလ(၈) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၆.၀၄၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၇.၇၁၈)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၃.၇၆၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေအနေဖြင့် ပို့ကုန် (၄၆၃) စီး၊ သွင်းကုန် (၁၀၂၀) စီး ဆောင်ရွက်နိုင်ခဲ့သည်။

ယခုအပတ် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့မှ စက်တင်ဘာလ(၁) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၇.၁၆၄) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၂.၂၀၇) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၉.၃၇၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၁.၁၂၁) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး (၄.၄၈၉) ဒေါ်လာသန်းလျော့နည်း ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၅.၆၁၀) ဒေါ်လာသန်း ​လျော့နည်းခဲ့သည်။ တင်ပို့သည့် ပို့ကုန်အမယ်များအနက် မတ်ပဲ ၊ စွန်တာနီ၊ မြေပဲဆံ၊ မြေထောက်ပဲ၊ ပဲကြီး၊ နှမ်းနက်၊ ရော်ဘာ၊ ဝဥခြောက်၊ ကြက်သွန်နီ  တင်ပို့မှုလျော့နည်းခဲ့ခြင်းကြောင့်  ယခင်တစ်ပတ်အောက်(၁.၁၂၁) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းဖြစ်သည်။

တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ အင်ဂျင်များ၊ ဝါယာကြိုးများ၊ စက်ဘီးအပိုပစ္စည်းများ၊ အခြားပစ္စည်းများပိုမို တင်သွင်းခဲ့သော်လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်အပိုပစ္စည်းများ၊ လေအေးပေးစက်များ၊ စက်များ၊ စက်အပိုပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး တပ်ဆင်ရေးပစ္စည်းများ၊ သံသံမဏိပစ္စည်းများ၊ လျော့နည်းတင်သွင်းခဲ့သဖြင့်  ယခင်တစ်ပတ်အောက်(၄.၄၃၆) ဒေါ်လာသန်း ပိုမိုခဲ့သည်။

လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓါတုဗေဒပစ္စည်းများ၊ ချည်ခင်များ၊ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း ဓါတ်ဆေးဆိုးဆေးများ၊ သုတ်ဆေး၊ ပေါလစ်များ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ ဓာတ်မြေသြဇာများ၊ တာယာနှင့် ကျွတ်များ၊ သားရေတုပြုလုပ်သောပစ္စည်းများ  လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက်(၀.၂၆၅) ဒေါ်လာသန်း လျော့နည်းခဲ့သည်။

လူသုံးကုန်ပစ္စည်းအုပ်စုတွင် ဘထ္ထရီခြောက်၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ ဆေးဝါးများ၊ ပရိဘောဂများ၊ အခြားပစ္စည်းများ၊ လျော့နည်းတင်သွင်းခဲ့သော်လည်း အချိုမှုန့်၊ ချည်ထည်များ၊  မီးဖိုချောင် သုံးပစ္စည်းများ၊  ဇာနှင့်ထိုးထားသောအထည် အလိပ်များ၊ အပ်ချည်ကြိုးများ  ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၂၁၂) ဒေါ်လာသန်းပိုမိုခဲ့သည်။

ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်( ၁၀ )မျိုးမှာ ရော်ဘာ  ( ၁၅၂၅.၂၉၀)တန်၊ (၁.၇၉၀)ဒေါ်လာသန်း၊ ပဲယင်း ( ၁၃၅၇.၀၄၄ ) တန်၊ ( ၁.၁၀၉ )ဒေါ်လာသန်း၊ ပဲတီစိမ်း ( ၁၄၅၈.၂၅၀ )  တန်၊(၀.၉၈၇ )ဒေါ်လာသန်း၊  ပဲလွန်းဖြူ (၆၆၂.၂၉၉)တန်၊(၀.၄၁၀ ) ဒေါ်လာသန်း၊ မြေထောက်ပဲ  (၁၅၄.၁၄၀) တန်၊ (၀.၂၃၅)ဒေါ်လာသန်း၊ ပြောင်း (၇၅၁.၅၀၀) တန်၊ (၀.၂၁၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၅၁၁.၅၀၀) တန်၊ (၀.၂၁၁)ဒေါ်လာသန်း၊ စွန်တာနီပဲ (၃၂၂.၀၀၀) တန်၊ (၀.၁၉၃)ဒေါ်လာသန်း၊ မြေပဲဆံ (၁၀၂.၀၀၀) တန်၊ (၀.၁၆၃)ဒေါ်လာသန်း၊ CMP (၃၁၀၆၈) ခု၊ (၀.၁၆၁) ဒေါ်လာသန်းဖြစ်သည်။

ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန် (၁၀) မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၄.၆၂၁) ဒေါ်လာသန်း၊ ချည်ထည်များ (၄.၀၈၉)ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၆၀၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၅၅၉) ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၈၁၅) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၆၈၆)ဒေါ်လာသန်း၊ အင်ဂျင်များ(၀.၆၃၄) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးကိရိယာများ(၀.၆၁၁) ဒေါ်လာသန်း၊ ဓာတ်မြေသြဇာများ (၀.၅၈၂)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၄၄၇) ဒေါ်လာသန်းဖြစ်သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့်မန္တလေးမှ ချင်းရွှေဟော်သို့အတက်ကုန်ကားခ ပို့ကုန်တစ်ပိဿာလျှင် (၇၉) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်း ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀)ကျပ် ကုန်ပွ ကားခ တစ်ပိဿာလျှင်(၁၈၅)ကျပ်ရှိကြောင်း သိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀) ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရော်ဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို)(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) ယွမ်နှုန်းရှိကြောင်းသိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်လုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန် ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News