Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ထိကုန်ပစ္စည်း အမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့်  တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့်  ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ် (၃၄၅.၄၀ ဒေါ်လာ)  ဖြင့်တန်ချိန် (၁၀၁၇) တန်၊ တန်ဖိုး (၃၅၀၈၁၀) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၆.၀၀၀) တန်၊ တန်ဖိုး (၄၁၉၇.၇၄၀) ဒေါ်လာ၊ Artificial Grass ဈေးနှုန်း တစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၀.၀၀၀)တန်၊ တန်ဖိုး(၆၃၃၃.၆၅၀) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့်  တန်ချိန်(၁၀.၅၀၀)တန်၊ တန်ဖိုး (၄၀၉၄.၀၃၀) ဒေါ်လာ၊ Orange တစ်တန်လျှင် (၂၃၀) ဒေါ်လာဖြင့်  တန်ချိန်(၂၀.၃၀၀)တန်၊ တန်ဖိုး (၆၄၀၇.၃၃၀) ဒေါ်လာ၊  Ceramic Tile Plain  ဈေးနှုန်း  (1 M2) လျှင် (၄.၁) ဒေါ်လာဖြင့် (၁၀၇၂၀) M2၊ တန်ဖိုး (၄၁၇၄၇.၅၀၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင်ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News