Local News

မန္တလေးကုန်စည်ဒိုင် နှမ်းမျိုးစုံဈေးကွက် ဈေးအေးနေမှုအခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ စက်တင်ဘာလ ဒုတိယပတ်အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက်နေပြီး ဈေးအေးနေကြောင်းသိရသည်။ ဈေးကွက်ထဲကို နှမ်းအသစ်တွေအဝင်ရှိနေပြီး ပြည်ပမှ ဝယ်ယူမှုအေးသည့်အပြင်၊ ရိတ်သိမ်းချိန်မိုးရွာသွန်းမှုကြောင့် အရည်အသွေးပိုင်းအားနည်းသည့်အတွက် နှမ်းဈေးနှုန်းများကျဆင်းသွားကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၇၀၀၀၀ မှ ၃၄၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၇၀၀၀၀ မှ ၄၀၀၀၀၀၊ ယခင်လကျပ် ၃၈၅၀၀၀ မှ ၄၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၄၅၀၀၀ နိမ့်ကျလာသည်။ နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၄၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၀၀၀၀ မှ ၃၉၅၀၀၀၊ ယခင်လကျပ် ၄၃၅၀၀၀ မှ ၄၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၇၅၀၀၀ မြင့်တက်လာပြီး ၊ယခင်လထက်ကျပ် ၇၅၀၀၀ နိမ့့်ကျလာသည်။

နှမ်းညို ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၃၁၀၀၀၀ မှ ၃၁၅၀၀၀၊ ယခင်လကျပ် ၃၃၀၀၀၀ မှ ၃၃၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၀၊ ယခင်လထက်ကျပ် ၂၈၀၀၀ မှ ၃၀၀၀၀ နိမ့်ကျလာသည်။ နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀ မှ ၃၆၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၀၀၀၀ မှ ၃၆၀၀၀၀၊ ယခင်လကျပ်  ၃၁၀၀၀၀ မှ ၃၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၀ ၊ ယခင်လထက် ၂၀၀၀၀ မှ ၅၀၀၀၀ နိမ့်ကျလာသည်။Source: မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News