Local News

မန္တလေးကုန်စည်ဒိုင်တွင် ထောပတ်ပဲ အဝယ်သွက်၍ ဈေးမြင့်လာမှုအခြေအနေ

Last Updated:

စက်တင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ထောပတ်ပဲ အရောင်းအဝယ်သွက်၍ ဈေးမြင့်တက်လာကြောင်း သိရသည်။ ပြည်တွင်းကုန်သည်များ ဝယ်ယူမှုရှိသည့်အပြင် တရုတ်ဝယ်လက်မှလည်း ဝယ်လိုအားကောင်းခြင်းတို့ကြောင့် ထောပတ်ပဲ ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၁၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၃၀၀၀၀ ထိဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၈၅၀၀၀ မှ ၃၉၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ၊ ယခင်လ ကျပ် ၃၆၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။ ထောပတ်ပဲ(လတ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၇၅၀၀၀  မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၀၀၀၀ မှ ၃၆၅၀၀၀၊ ယခင်လ ကျပ် ၃၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀၊ ယခင်လ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ(သေး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၃၆၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၅၀၀၀၀ မှ ၃၆၀၀၀၀၊ ယခင်လ ကျပ် ၃၄၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ ၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News