Local News

အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်များပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပြပွဲနှင့် ဈေးရောင်းပွဲတော် ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ငွေဆောင်ကမ်းခြေ၊ ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်ပပို့ကုန်အလားအလာ ရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ခြင်းစီမံကိန်းအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က  ပြပွဲပါဝင်ပြသခဲ့ပြီး အုန်းသီးအခြေခံထုတ်ကုန် ပစ္စည်းများ ပြသရောင်းချခဲ့ပါသည်။

အဆိုပါပြပွဲကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များက ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက်ပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများဖြစ်သော စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများခင်းကျင်းပြသရောင်းချ ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News