Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇  ရက်မှ  ၁၃ ရက်နေ့အတွင်း ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊ ပြောင်းနှင့် ဆန်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေပမာဏမှာ ၅၆၇၈၅၀.၃၃၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်မှ  အောက်တိုဘာလ ၆ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၃၉၁၆၃၉.၈၂၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၁၇၆၂၁၀.၅၁၀ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇  ရက်မှ  ၁၃ ရက်နေ့ အတွင်း ချည်ထည် များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲ ယာဉ်နှင့်အခြားယာဉ်များ၊ လူသုံးအခြား ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ အခြား ချည်ခင်များ၊ ပိုတက်ဆီယမ် ဓာတ်မြေ သြဇာ၊ ပလပ်စတစ်အိတ်၊ ကုန်ထုတ်စက္ကူနှင့် ပန်းသီးများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏ တန်ဖိုးမှာ ၈၁၆၃၁၂.၉၄၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ စက်တင် ဘာလ ၃၀  ရက်မှ  အောက်တိုဘာလ ၆ ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုး ၅၁၀၂၃၃၉.၉၄၀ ကန်ဒေါ်လာနှင့် ကာလတူ တင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၀၆၀၇၉ ကန်ဒေါ်လာ တန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။

တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၂၄၈၄၆၂.၆၁၀ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ တွေ့ရပါ သည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၆.၅၃  ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News