Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇  ရက်မှ  ၁၃  ရက်နေ့များအတွင်း တင်ပို့ခဲ့ သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၅၆၇၈၅၀.၃၃၀ ကန်ဒေါ်လာ တင်ပို့မှု ရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၈၁၆၃၁၂.၉၄၀ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊ ပြောင်းနှင့် ဆန်များ တင်ပို့ခဲ့ ကြောင်းသိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၃၆၉၃၉၆.၂၉၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၉၈၄၅၄.၀၄၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာ သုံးနောက်တွဲယာဉ်နှင့်အခြားယာဉ်များ၊ လူသုံးအခြားပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးအခြားပစ္စည်းများ၊ အခြားချည်ခင်များ၊ ပိုတက်ဆီယမ် ဓာတ်မြေသြဇာ၊ ပလပ်စတစ်အိတ်၊ ကုန်ထုတ်စက္ကူနှင့် ပန်းသီးများ တင်သွင်းမှု ရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၁၀၅၇၁၇.၈၇၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၁၀၅၉၅.၀၇၀ တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၄၉ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၈၆.၅၃  ကျပ် ရှိကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News