Local News

မိုးနှောင်းအစ ဝါစျေးနှုန်းများ ကျနေ

Last Updated:

မိုးနှောင်းအစ ပြည်တွင်းဝါစျေးနှုန်းများ အနည်းငယ်ကျသွားကြောင်း ဝါလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။ လက်ရှိ ဝါ အထွက်နှုန်းများနေသည့်အပြင် မိုးရွာသွင်းမှုများနေခြင်းကြောင့် ဝါများစိုစွတ်မှုများရှိကာ စျေးကျဆင်းနေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။ 

“အဓိကက ဝယ်လိုအားရောင်းလိုအားပေါ့။  ဝါလဲ ပိုထွက်လာတယ်။ ဝါတွေလဲစိုတော့ စျေးကကျသွားတာလို့ပြောလို့ရတယ်။ ဝါ မစိုရင် စျေးမကျပါဘူး။ မိုးကြိုတုန်းက ၃၅၀၀  ထိရှိတယ်။  မိုးကြိုတုန်းက ပျော်ပွယ်၊ သာစည်ဘက်ပဲရှိတာ ဒီဘက်တွေ မထွက်သေးဘူး။ အခုက တစ်နိုင်ငံလုံးကို ထွက်လာတယ်" ဟု မန္တလေးမြို့၊ စက်မှုဇုန် ၁  မှ သီဟမျိုးဝါစက်၊ ဆီစက်နှင့် ဝါဂွမ်းရောင်းဝယ်ရေးမှ ကိုသီဟမျိုးမှပြောသည်။ လက်ရှိ စျေးကွက်တွင် ဝါခြောက်များကိုသာ အဓိကထား စျေးပိုပေး၍ဝယ်ယူနေပြီး ပြည်တွင်းဝါ စျေးနှုန်းမှာ တက်လိုက်ကျလိုက်ဖြစ်နေကြောင်း ဝါလုပ်ငန်းရှင်းများအဖွဲ့မှ သိရသည်။ 

မိုးကြိုအစ က ဝါ တပိဿာ လျှင် ၃၅၀၀အထိ  ရှိခဲ့ပြီး လက်ရှိ ဝါ စျေးနှုန်းမှာ ဝါ စိုနေပါက တစ်ပိဿာလျှင် ၂၈၀၀မှ ၃၀၀၀ အထိ ၊ ဝါ ခြောက်ပါက ၃၁၀၀မှ ၃၂၀၀ အထိ သာရှိကြောင်း စျေးကွက် မှ စုံစမ်းသိရှိရပြီး ဒေသတခုနှင့် တစ်ခု စျေးနှုန်း များ အနိမ့်အမြင့် ကွာ ကာ အရောင်းဝယ်ဖြစ်နေကြ ကြောင်းသိရသည်။ “ဝါစျေး လက်ရှိ ၃၀၀၀ ဝန်းကျင်လောက်ပဲ ဖြစ်နေမှာပါ။ စျေးကွက်ကတော့ နည်းနည်းကျတယ်။ ဒါပေမဲ့ တက်လိုက်ကျလိုက် ပါပဲ" ဟုဝါလုပ်ငန်းရှင်းများ အဖွဲ့မှ  တာဝန်ရှိတစ်ဦးကပြောသည်။

လက်ရှိ ပေါက်စျေးမှာ လုပ်ငန်းရှင်များ အတွက် အကျိုးအမြတ် များများ မရှိနိုင်ကြောင်း သိရပြီး စက်သမားများ အနေဖြင့် စက်ခ ကျန်လောက်သာရှိကြောင်း နှင့် တောင်သူတွေအနေဖြင့်လည်း စိုက်စရိုတ် ကြီး သည့် အတွက် အကျိုး အမြတ် သိပ်မကျန်ကြောင်း သိရသည်။ လက်ရှိတွင် ဝါကို တရုတ်နိုင်ငံဘက်သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တင်ပို့နေခြင်း ဖြစ်ပြီး ပုံမှန်ဝယ်ယူမူများ ရှိနေမည်ဆိုပါက စျေးကွက်ကောင်းနိုင်ကြောင်း ကုန်သည်များထံမှ သိရသည်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှတစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးလျက်ရှိ ရာ ဝါဂွမ်း တင်ပို့မှုအတွက် အများဆုံထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းလုံလောက်ပြီး ပြည်ပပို့ကုန်လျာထားချက်များအောင်မြင်ရေးအတွက် စိုက်ဧကတိုးချဲ့ဖို့ထက်အရည်အသွေးမှီ ဝါများတစ်ဧကအထွက်နှုန်းကောင်းရန်ကျိုးပမ်းနေကြောင်းနှင့် မျိုးကောင်းမျိုးသန့်များကောင်းစွာလွှမ်းခြုံနိင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြည်ပစပ်မျိုးတင်သွင်းကုမ္ပဏီများအား ဆက်သွယ်ဖိတ်ခေါ်ကူညီပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်းအသင်းမှ သိရသည်။ ဝါကို မိုးနှမ်းနှင့်အတူ ၅ လပိုင်းကျော် ၆ လပိုင်း ခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။

 Source: https://t.me/htwettoe

 

Category: Local News