အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းသိုလှောင်မှုတိုးမြင့်ရန် ဆန်တန်ချိန် ၁.၅ သန်းထပ်မံတင်သွင်း မည်ဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းဌာန အန်တာရာက ဖော်ပြထားပါသည်။ အင်ဒိုနီးရှားနိုင်ငံ (ခေတ္တ)လယ်ယာစိုက်ပျိုးရေးဝန်ကြီး AriefPrasetyo Adi က အဆိုပါဆန်ကို အရန်အစီအစဉ်အဖြစ် တင်သွင်းခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှားအစိုးရပိုင်စားနပ်ရိက္ခာ သယ်ယူပို့ဆောင် ဖြန့်ဖြူးရေးကုမ္ပဏီ Bulog ၏ဆန်သိုလှောင်မှုအတွက် တင်သွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးယခုနှစ်ကုန်ပိုင်းတွင် တင်သွင်းမှုပြီးစီးနိုင်ခြင်းရှိ/ မရှိကိုမူကုန်ချချိန် လိုအပ်ချက်အရ ပြောကြားခဲ့ခြင်းမရှိပါ။
ခေတ္တဝန်ကြီးကသင်္ဘောတစ်ခါတင် ဆန်တန်ချိန် နှစ်သိန်းခုနှစ်သောင်းကို ကုန်ချရန်မှာစိန်ခေါ်မှုဖြစ်ပြီး အနည်းဆုံး ၆ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ Bulogနှင့် အစိုးရပိုင်ဆိပ်ကမ်း ရှင်းလင်းရေး Pelindoတို့အား ကုန်ချချိန်ပိုယူရန် မှာကြားထားကြောင်း၊ သွင်းကုန်ပါမစ်အတွက် အခြားဝန်ကြီးဌာနများဖြစ်သော စီးပွားရေးရာဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီကအယ်နီညိုကြောင့် နိုင်ငံ၏ ဆန်ထုတ်လုပ်မှုကျဆင်းခဲ့ကြောင်း၊ သဘာဝဖြစ်စဉ်အယ်နီညိုကြောင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာရှတိုက်နိုင်ငံများအတွင်းရေကြီးမှုနှင့် အပူရှိန်ပူပြင်းထန်မှုတို့ဖြစ်ပေါ်စေကာစားနပ်ရိက္ခာထုတ်လုပ်မှုတွင် အခက်အခဲများဖြစ်စေကြောင်း ပြောကြားခဲ့ပါသည်။
ရိုက်တာသတင်းဌာနကအင်ဒိုနီးရှားသည် ထပ်မံတင်သွင်းမည့် ဆန်တန်ချိန် ၁.၅ သန်းအနက် ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ဆန်တန်ချိန် ကိုတာ ၆ သိန်းတင်သွင်းမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လ အာဆီယံထိပ်သီးအစည်းအဝေးတွင် သမ္မတဂျိုကိုဝီကတရုတ်မှ တင်သွင်းရန် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။
Source: https://en.antaranews.com
Source: https://commerce.gov.mm