International News

၂၀၂၃ ခုနှစ်၊ ကိုးလအတွင်း ကမ္ဘောဒီးယားပို့ကုန်တင်ပို့မှုပြီးခဲ့သည့်နှစ်ကထက် ၀.၈ % ကျဆင်း

Last Updated:

ကမ္ဘောဒီးယားပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁၆.၉၄ ဘီလီယံဖြင့် ပြီးခဲ့သည့်နှစ်အလားတူ ကာလတင်ပို့မှုပမာဏအမေရိကန်ဒေါ်လာ ၁၇.၀၇ ဘီလီယံထက် ၀.၈% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် ယစ်မျိုးဌာနက ထုတ်ပြန်ခဲ့သော အစီရင်ခံစာကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါသည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များမှာအဝတ်အထည်၊ ဖိနပ်၊ ခရီးသွားအသုံးအဆောင်များ၊ စက်ဘီးနှင့် စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သည့် ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ ငှက်ပျော၊ သရက်နှင့် တောကြက်မောက်သီး တို့ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှစက်တင်ဘာလအထိ ကမ္ဘောဒီးယားမှတရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၁၈.၃% ထိတိုးတက်ခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံအတွက် တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဗီယက်နမ်ပြီးလျှင် တတိယအကြီးဆုံးပို့ကုန်တင်ပို့သည့်နိုင်ငံဖြစ်ပါသည်။

ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Penn Sovicheat က တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားပို့ကုန် တိုးမြှင့်တင်ပို့နိုင်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုတိုးတက်လာခြင်းသည် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် နှစ်နိုင်ငံကြားလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်တို့ကြောင့် ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့ပါသည်။

 Source : Xinhua

Source: https://commerce.gov.mm

Category: International News