Local News

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသထွက် ဗိုလ်ကိတ်ပဲများကို ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ဒေသထွက်ပဲတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေတဲ့အတွက် ပြန်လည်ဝယ်ယူအားကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကို ဗိုလ်ကိတ်ပဲတွေ တင်ပို့အားတက်လာတော့ ပဲစိုက်တောင်သူများ၊ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တွေ အလုပ်အကိုင်အဆင်ပြေနေပါတယ်” ဟု ဒေါ်ရီရီထွန်းက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ ထိပေါက်ဈေးရှိကြောင်း၊ ဗိုလ်ကိတ်ပဲများ အရောင်းအဝယ်ကောင်းလာခြင်းကြောင့် ပဲစိုက်တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News