International News

တရုတ်နိုင်ငံသွင်းကုန်ပို့ကုန်ဘဏ်က ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံခြားကုန်သွယ်မှု ပံ့ပိုးကူညီရန် ယွမ် ဘီလီယံ ၇၃၀ ချေးငွေထုတ်ပေး

Last Updated:

          တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (China EximBank) က ယခုနှစ် ပထမငါးလအတွင်း နိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပံ့ပိုးကူညီရန် ချေးငွေ ယွမ် ဘီလီယံ ၇၃၀ (အမေရိကန်ဒေါ်လာ ၁၀၂.၄ ဘီလီယံ) ကျော် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပမာဏသည် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဘဏ်က ဆိုသည်။

          ဘဏ်၏ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများထံ ချေးငွေပေးအပ်မှုများမှာ မေလကုန်ပိုင်းတွင် ယွမ် ၃ ထရီလီယံနီးပါး ရှိလာခဲ့ပြီဖြစ်ကာ ယမန်နှစ် ကာလတူထက် ၁၆.၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဘဏ်အနေဖြင့် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများနှင့် စပ်လျဉ်းသော စက်မှုလုပ်ငန်းများနှင့် ထောက်ပံ့ကွင်းဆက်များ အထူးသဖြင့် အသေးစားနှင့် မိုက်ခရိုကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဘဏ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမချေးငွေပေးအပ်မှုများမှာလည်း မေလကုန်ပိုင်းတွင် ယွမ် ၂.၂ ထရီလီယံအထိ ရှိလာခဲ့သည်။

         China EximBank သည် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးကူညီပေးလျက်ရှိသည့် နိုင်ငံပိုင်ရန်ပုံငွေဖြင့် ရပ်တည်သော နိုင်ငံပိုင်မူဝါဒဘဏ်တစ်ခုဖြစ်ကြောင်း သိရသည်။

Source: https://xinhuamyanmar.com

Category: International News