Local News

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်လအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၈၉ သန်းကျော်ရှိပြီး မူဆယ်နှင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ အများဆုံးကုန်သွယ်မှုပြုလုပ်

Last Updated:

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်လအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၈၉ သန်းကျော်ရှိပြီး မူဆယ်နှင့် ထီးခီးနယ် စပ်ကုန်သွယ်ရေးစခန်းများမှ အများဆုံး ကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုဖြင့် အိမ်နီးချင်းနိုင်ငံများဖြင့် ကုန်သွယ်မှုပြုလုပ်နေပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလအတွင်း မူဆယ်နယ်စပ်မှကုန်သွယ်မှု ဒေါ်လာ၂၁၁ ဒသမ ၇၄၂ သန်းဖြင့် အများဆုံး ဖြစ်သည်။ ထီးခီးနယ်စပ်မှ ကုန်သွယ်မှုဒေါ်လာ ၁၅၆ ဒသမ ၁၆၀ သန်းဖြင့် ဒုတိယအများ ဆုံးကုန်သွယ်မှုပြုလုပ်ထားသည်။

       လွယ်ဂျယ်နယ်စပ်မှ ကုန်သွယ်မှုဒေါ်လာ ၁၀ ဒသမ ၀၄၆ သန်း၊ ချင်းရွှေဟော်နယ်စပ်မှ ကုန်သွယ်မှုဒေါ်လာ ၄၉ ဒသမ၂၇၈ သန်း၊ ကံပိုင်တည်နယ်စပ်မှကုန်သွယ်မှုဒေါ်လာ၂၇ ဒသမ ၉၇၈ သန်း၊ ကျိုင်းတုံနယ်စပ်မှကုန် သွယ်မှုဒေါ်လာ ၀ ဒသမ ၃၄၆ သန်း၊ တာချီလိတ်နယ်စပ်မှကုန်သွယ်မှုဒေါ်လာ ၁၃ ဒသမ ၄၃၄ သန်း၊ မြဝတီနယ်စပ်မှကုန်သွယ်မှုဒေါ် လာ ၁၀၈ ဒသမ ၀၄၃ သန်း၊ ကော့သောင်းနယ်စပ်မှကုန်သွယ်မှုဒေါ်လာ၂ ဒသမ ၅၅၄ သန်း၊ မြိတ်နယ်စပ်မှကုန်သွယ်မှု ဒေါ်လာ ၇ ဒသမ ၁၉၀ သန်း၊ ထီးခီးနယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ ၁၅၆ ဒသမ ၁၆၀ သန်း၊ မောတောင်နယ်စပ်မှကုန်သွယ်မှုဒေါ်လာ ၀ ဒသမ ၀၉၈ သန်း၊ မယ်စဲ့နယ်စပ်မှကုန်သွယ်မှုပြုလုပ်ထားခြင်းမရှိပေ။

        စစ်တွေနယ်စပ်မှကုန်သွယ်မှု ဒေါ်လာ ၀ ဒသမ ၈၉၃ သန်း၊မောင်တောနယ်စပ်မှကုန် သွယ်မှုဒေါ်လာ ၀ ဒသမ ၇၅၆ သန်း၊ တမူး နယ်စပ်မှကုန်သွယ်မှုဒေါ်လာ ၀ ဒသမ ၅၉၀ သန်းရှိပြီး ရိဒ်နှင့် ကျိုက်လပ် နယ်စပ်မှ ကုန် သွယ်မှုပြုလုပ်ထားခြင်းမရှိပေ။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၃ ဒသမ ၅၇၃ ဘီ လျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

        အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ဘီလျံ ပိုမိုတင်ပို့ခဲ့သည်။ ထို့အတူ ပြည်ပနိုင်ငံများမှတင်သွင်းသည့် သွင်းကုန်ဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

        ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်  ကုန်ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍစသည်တို့ပါဝင်သည်။

Source: https://news-eleven.com

Category: Local News