International News

တရုတ်နိုင်ငံ၏ ကျောက်မီးသွေး အထွက်နှုန်းမှာ မေလတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်လာ

Last Updated:

          တရုတ်နိုင်ငံ၏ ကျောက်မီးသွေးကုန်ကြမ်းထွက်ရှိမှုမှာ မေလတွင် ပုံမှန်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက ကျောက်မီးသွေးကုန်ကြမ်း တန်ချိန် သန်း ၃၉၀ ထုတ်လုပ်ခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၄.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။၂၀၂၃ ခုနှစ် ပထမငါးလတွင် ကျောက်မီးသွေး အထွက်နှုန်းမှာ တန်ချိန် ၁.၉၁ ဘီလီယံရှိပြီး ယမန်နှစ် ကာလတူကထက် ၄.၈ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

           တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း စုစုပေါင်းကျောက်မီးသွေးတန်ချိန်   သန်း ၁၈၀ တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ယမန်နှစ်ကာလတူနှင့်  နှိုင်းယှဉ်ပါက  ၈၉.၆   ရာခိုင်နှုန်း      မြင့်တက်လာကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

Source: https://xinhuamyanmar.com

Category: International News