International News

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒေါ်လာ ၉၄ ဒသမ ၈ ဘီလီယံရှိပြီး စွမ်းအင်ကဏ္ဍ$ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်

Last Updated:

          ၁၉၈၈-၈၉ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒေါ်လာ ၉၄ ဒသမ ၈ ဘီလီယံ ဝင်ရောက်ထားပြီး စွမ်းအင်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

          ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့မှုအနေဖြင့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မေလကုန်အထိ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ၂၆၁၆၇ ဒသမ ၁၉၉ သန်း(၂၆ ဒသမ ၁၆၇ ဘီလီယံ)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်ဒေါ်လာ၂၂၇၇၃ ဒသမ ၃၉၂ သန်း (၂၂ ဒသမ ၇၇၃ ဘီလီယံ)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၃၃၂၄ ဒသမ ၆၇၀ သန်း (၁၃ ဒသမ ၃၂၄ ဘီလီယံ)၊ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ် လာ ၁၁၃၄၅ ဒသမ ၄၈၇ သန်း (၁၁ ဒသမ ၃၄၅ ဘီလီယံ)၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၆၅၉၂ ဒသမ ၉၆၄ သန်း (၆ ဒသမ ၅၉၂ ဘီလီယံ)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၃၂၈၄ ဒသမ ၈၃၇ သန်း(၃ ဒသမ ၂၈၄ ဘီလီယံ)၊ သတ္တုကဏ္ဍတွင် ဒေါ်လာ၂၉၁၃ ဒသမ ၂၈၅ သန်း (၂ ဒသမ ၉၁၃ ဘီလီယံ)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၄၆ ဒသမ ၀၃၁ သန်း၊ စက်မှုဇုန်ကဏ္ဍတွင် ဒေါ်လာ ၇၈၂ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၄၄၆ ဒသမ ၃၃၈သန်း၊ ဆောက် လုပ်ရေးကဏ္ဍတွင်ဒေါ်လာ ၁၀၂ ဒသမ ၇၆၇ သန်းနှင့်အခြားကဏ္ဍတွင် ဒေါ် လာ ၄၀၉၁ ဒသမ ၅၈၈သန်းရှိသည်။ အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ၂၁၉၀ ဒသမ ၇၉၀ သန်း  ခွင့်ပြုပေးထားသည်။ စုစုပေါင်းနိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၉၄၈၀၁ ဒသမ ၁၃၀ သန်း အထိ ခွင့်ပြုထားသည်။

          ၂၀၂၃ ခုနှစ်  ဧပြီလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့ပြီး ကုန်ထုတ်လုပ် မှုကဏ္ဍတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၇၃၈ သန်းရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

          ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိတစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၁၅၈ ဒသမ ၇၄၄ သန်း၊ Belize က ဒေါ်လာ ၁ ဒသမ  ၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ တစ်သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ၁၆၁ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၄ဒသမ ၄၁၄ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၆၉ ဒသမ ၅၆၈ သန်း၊ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ၂၁ ဒသမ ၄၇၆ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၅၃ ဒသမ ၁၄၉ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၃၈၉ သန်း၊ Seychelles က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်း၊ ဆွစ်ဇာလန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၉၈ ဒသမ ၃၅၀ သန်း၊ U.K က ဒေါ်လာ ၂ ဒသမ ၀၅၆ သန်း၊ ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၀ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆၄၀ ဒသမ ၆၆၇ သန်း ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: https://news-eleven.com

Category: International News