လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲစိမ်းတန်ချိန် တစ်သိန်းကျော် တင်ပို့ထားရာ တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်
ထိုကဲ့သို့ ပြည်ပတင်ပို့မှုတွင် ပဲတီစိမ်းကို တရုတ်နိုင်ငံကိုပဲ အများဆုံးတင်ပို့တာဖြစ်ပြီး အီးယူနိုင်ငံတွေကိုတော့ ပဲပင်ပေါက်ဖောက်တဲ့ပဲကို တင်ပို့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို မြန်မာနိုင်ငံအတွင်းက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အဓိကစိုက်ပျိုးထွက်ရှိတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂-၂၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့ ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁.၉၁ သန်းကျော် ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး ထိုထဲမှာ ပဲတီစိမ်းတန်ချိန် ၆၉၁,၃၉၉ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။
Source: https://t.me/htwettoe