Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇွန်လ (၁၃) ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေနှင့် ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/ တင်သွင်းမှုအခြေအနေ

Last Updated:

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၇.၃၀၀) ဒေါ်လာသန်းဖြစ်သည်။ ဇွန်လ (၆) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၄.၂၅၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၇၅၉) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၁၈) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၂၉%) ဆောင်ရွက်နိုင်ခဲ့သည်။

          ဇွန်လ (၁၃) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ သတ္တုနှင့် သတ္တုရိုင်း တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၇၀) ယွမ်/ (၃၄၅.၄၀) ဒေါ်လာနှုန်းဖြင့် တန်ချိန် (၁၀၅၅၀) တန်နှင့် သတ္တုနှင့်သတ္တုရိုင်း (Fe-60.751%) ဈေးနှုန်းတစ်တန်လျှင် (၁၃၃) ဒေါ်လာနှုန်းဖြင့် (၁၁၇၄) တန်တင်ပို့နိုင်ခဲ့ပါသည်။

       သွင်းကုန်ပိုင်းတွင် ယာယီစနစ်ဖြင့် တင်သွင်းသည့် ငှက်ပျောထုပ်ပိုးပစ္စည်းများ ဇွန်လ (၁၃) ရက်နေ့ထိ တန်ချိန်(၇၆၈)တန် တင်သွင်းခဲ့ပါသည်။ အခြားသွင်းကုန်များအနေဖြင့် ကော်စေ့၊ အိမ်ရိုက်သံ၊ မြက်ခင်းတု၊ ဓါတ်မြေဩဇာ (N:15%, P2O5:15%, K2O:15%)၊ ကြွေပြား၊ သံပိုက်၊ ကားတာယာ၊ ဒီဇယ်အင်ဂျင်၊ သွပ်နန်း ကြိုးခွေ၊ ဝရိန်ချောင်းစသည့်အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းများ၊ ပန်းသီးနှင့်လိမ္မော်သီးများ၊ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များတင်သွင်းလျက်ရှိပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News