Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (13-6-2023) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (13-6-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၂၈၈) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.483) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၇၇၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဝါဂွမ်း (၁၁၆.၉၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၁၀) သန်း၊ ပုစွန်ဖွဲ (၃၄၇.၇၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (0.1၆၆) သန်း၊ ငါးရှဉ့် (၃၁.၈၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၅) သန်း၊ ဆန်ကွဲ (၂၃၅.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၅) သန်း၊ သရက်သီး (၂၁၈.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၂) သန်း၊ သီဟိုဠ်စေ့ (၁၅.၈၀၀) တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ကဏန်း (၁၆.၈၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၁) သန်း၊ ကြက်သွန်နီ (၂၂၀.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၆၆) သန်း၊ အလူမီနီယံသတ္တု (၃၄.၂၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၀) သန်း၊ မြေပဲ (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

      အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်ဆီတန်ဖိုး ကန်ဒေါ်လာ (၀.၁၆၄) သန်း၊ အစားအစာထုပ်ပိုးသည့် ပလပ်စတစ်အကြည်လိပ် တန်ဖိုးကန်ဒေါ်လာ (၀.၀၈၃) သန်း၊ ဓာတ်မြေဩဇာ ကန်ဒေါ်လာ (၀.၀.၀၇၀)သန်း၊ မုန့်ပြုလုပ်ရာတွင် သုံးသည့်ကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (0.052) သန်း၊ သံပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၈)သန်း၊ ဟင်းချိုမှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄7)သန်း၊ စက္ကူကြမ်း  တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၀)သန်း၊ ပလပ်စတစ်ဖလင်ပြားထုတ်လုပ်သည့်စက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇)သန်း၊ ဓာတုဗေဒကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၂) သန်း၊ စက်ဘီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၂၉)သန်းတို့ဖြစ်ပါသည်။

        ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၁၃) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၅.၀၈၂) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၂၆.၅၈၉) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၄၁.၆၇၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၆.၃5၄) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။

      (၁၃-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ဝါဂွမ်း (၁) တန် လျှင် အမေရိကန်ဒေါ်လာ(1796.055)နှုန်း၊ ပုစွန်ဖွဲ(၁)တန်လျှင် အမေရိကန်ဒေါ်လာ (478.931) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၂၀.၂၈၉) နှုန်း၊ ‌ဆန်ကွဲ (၁) တန်လျှင် အမေရိကန် ဒေါ်လာ(၄၀၂.၁၉၅) နှုန်း၊  သရက်သီး (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂.၂၃၁) နှုန်း၊ သရက်သီး (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂.၂၃၁) နှုန်း၊ သီဟိုဠ်စေ့ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၇၃.၈၀၈)နှုန်း၊ ကဏန်း(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၀၀.၀၄၂) နှုန်း၊ ကြက်သွန်နီ (၁) တန် လျှင် အမေရိကန်ဒေါ်လာ (၃၀၁.၅၈၃) နှုန်း၊ အလူမီနီယံသတ္တု (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၄၇.၁၃၄)နှုန်း၊ မြေပဲ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၅၂၁.၀၂၀) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News