Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ခရုနှင့် ငါးမှုန့်၊ ဆီအုန်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ရက်နေ့မှ၁၁ရက်နေ့အထိပို့ကုန်တန်ချိန် (၁၇၄၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၂၀၃) သန်း၊ သွင်းကုန်တန်ချိန် (၁၆၉)၊(-)U၊ (၁၂၅၅) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၅၇) သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆၀ သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာဆီအုန်းတန်ချိန် (၄၀၇.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၀၀၀.၀၀)၊ (၁) တန်ဈေးနှုန်း (၈၅.၉၉၅) အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၁၆၀.၆၅၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၆၈၆၈၇.၇၅)၊ (၁)တန်စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန်(၂၃.၁၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၃၄၅.၆၀)၊ (၁)တန်စျေးနှုန်း (၈၈၀)အမေရိကန်ဒေါ်လာ၊ ရေကြည်ငါးတန်ချိန် (၂.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၁၈၀.၀၀)၊ (၁)တန် စျေးနှုန်း (၁၅၉၀)အမေရိကန်ဒေါ်လာ၊ တာဝမ် တန်ချိန် (၇၂.၈၀၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၃၃၄၀.၃၅)၊ (၁)တန်စျေးနှုန်း (၈၇၀)အမေရိကန်ဒေါ်လာ၊ ငါးစက္ကူတန်ချိန် (၆.၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၂၈၈.၀၀)၊ (၁)တန်စျေးနှုန်း (၁၆၆၀)အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန် (၇၀.၉၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၇၄၆၃၅.၄၀)၊ (၁)တန်စျေးနှုန်း(၂၄၆၀) အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန် (၅.၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၆၄၈.၀၀)၊ (၁)တန်စျေးနှုန်း (၂၂၄၀)အမေရိကန်ဒေါ်လာ၊ပုစွန်တန်ချိန် (၂၃.၆၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၃၀၃၂)၊ (၁)တန်စျေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာ၊ ခဲသတ္တုတန်ချိန် (၄၂.၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၂၀၀၀၀)၊ (၁) တန် ဈေးနှုန်း (၁၂၃၈၀.၉၅၂) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။

     အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာဒီဇယ်တန်ချိန်(၅၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၈၀၀၀)၊ (၁) တန်ဈေးနှုန်း (၇၆၀) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီတန်ချိန် (၁၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၉၀၀၀)၊ (၁)တန်စျေးနှုန်း (၈၉၀)အမေရိကန်ဒေါ်လာ၊ ကျောက်ချဉ် တန်ချိန်(၈၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၀၀၀)၊ (၁)တန်စျေးနှုန်း (၁၅၁.၁၆၂) အမေရိကန်ဒေါ်လာ၊ ထုံးမှုန့်တန်ချိန် (၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၀၀၀)၊ (၁)တန်စျေးနှုန်း (၁၃၃.၃၃) အမေရိကန်ဒေါ်လာ၊မီးသွေးမှုန့် တန်ချိန် (၁၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၀)၊ (၁)တန်စျေးနှုန်း (၁၄၂.၈၅၇) အမေရိကန်ဒေါ်လာ၊ ကန့်တန်ချိန် (၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၀၀၀)၊ (၁)တန်စျေးနှုန်း (၃၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်းသိရှိရသည်။

      ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၁၂-၇-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁) သိန်းလျှင် (၁၁၂၉) ဘတ် ၊ (၁) ဘတ်လျှင် မြန်မာငွေ (၈၈.၆၀)ကျပ်ခန့် (၁၁-၇-၂၀၂၃)နှင့် နှိုင်းယှဉ်လျှင် (၀.၇)မြင့်တက်လာခဲ့သည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၁၇၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၁၂၅၀) ကျပ်ခန့်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News