Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုနှင့် သွင်းကုန်တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အတွင်း ငါးမှုန့်တစ်တန်လျှင်(၉၀၆)ဒေါ်လာနှုန်းဖြင့် (၄၀၅.၀၀၀)တန်၊ တန်ဖိုး(၀.၃၆၇)ဒေါ်လာသန်း၊ ငါးကြိတ်သားတစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၇.၂၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ငါးမျိုးစုံတစ်တန်လျှင် (၁၃၁၇)ဒေါ်လာနှုန်းဖြင့် (၈၂.၃၆၅)တန်၊ တန်ဖိုး (၀.၁၀၈) ဒေါ်လာသန်း၊ ဂဏန်းတစ်တန်လျှင် (၃၈၈၉)ဒေါ်လာနှုန်းဖြင့်(၁.၇၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ကင်းမွန်တစ်တန်လျှင်(၃၅၀၀) ဒေါ်လာနှုန်းဖြင့်(၅.၇၈၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပုဇွန်တစ်တန်လျှင်(၅၄၉၉)ဒေါ်လာနှုန်းဖြင့်(၁.၆၂၅)တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ ငါးမှုန့်နှင့် ငါးကြိတ်သားအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်  သက်သေခံ လက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှမောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးအတွင်း သုံးစွဲရန်လိုအပ်သည့် စက်သုံးဆီအား ထိုင်းနိုင်ငံရေလမ်းကြောင်းမှ တင်သွင်းလျက်ရှိရာ၊ ဓါတ်ဆီတစ်တန်လျှင် (၉၂၇.၂၅၆) ဒေါ်လာနှုန်းဖြင့် (၅၀)တန်၊ တန်ဖိုး(၀.၀၃၉)ဒေါ်လာသန်း၊ ဒီဇယ်ဆီတစ်တန်လျှင် (၇၇၃.၂၅၀) ဒေါ်လာနှုန်းဖြင့် (၁၅၀)တန်၊ တန်ဖိုး(၀.၁၃၉)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၁၇၈)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၃၁၈)ကျပ်နှင့် ဒီဇယ်တစ်လီတာ (၂၂၉၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News