ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်းရှိကျေးရွာများဖြစ်သောတီတွဒ်ကျေးရွာ၊ ပေါင်းတလည်၊ ခွေးရဲကျေးရွာ၊ ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မစသည့်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကိုင်းခရမ်းချဉ်သီးများကို ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များနှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီးနှံ စတင်ထွက်ပေါ်ချိန် ဖြစ်သည့်အတွက် ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃,၅၀၀-၄,၀၀၀ ကျပ် ဈေးနှုန်း များဖြင့် ရောင်းချရ၍ ဈေးကောင်းရနေကြောင်း သိရှိရသည်။
Source: https://commerce.gov.mm