Local News

ပြည်ပဲပုပ်သစ်များဈေးကွက်မှာ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်

Last Updated:

ပြည်ပဲဈေးကွက်သို့ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ဆောင်းပဲသစ်များနေ့စဉ် ဝင်ရောက်လာခဲ့ကြသည်ကို တွေ့ရပါသည်။ ပဲပုပ်သီးနှံသစ်များလည်း ပဲသစ်အဝင် ဆက်လက်ရှိခဲ့ကြပြီး တစ်ရက်လျှင် အိတ် ၁၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါသည်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပြည်၊ ပန်းတောင်းဒေသများမှ ဝင်ရောက်ခဲ့ကြကာ လက်လီ/လက်ကားအရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  ဒေသတွင်း လက်လီတစ်ရက်အိတ် ၂၀/၃၀ ကျော် ဖြစ်ခဲ့သလို ရန်ကုန်ဝယ်လက် လက်ကားဝယ်ယူမှုမှာ အိတ် ၁၀၀ ကျော် နေ့စဉ်ရှိခဲ့တာကြောင့် ဝင်ရောက်လာသမျှ ပဲသစ်များရောင်းချမှုဖြစ်လျက်ရှိကာ ပဲဈေးအနေဖြင့် ပိဿာ(၂၀) တစ်တင်း ၆၄၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခင်နှစ်ဈေးနှင့်ကွာခြားမှု သိပ်မရှိကြောင်း သိရပါသည်။ အခြားပဲအားလုံးလိုလို ယခင်နှစ်ဈေးနှင့်ယှဉ်လျှင် ဈေးပိုမြင့်တက်ခဲ့ကြသော်လည်း ပဲပုပ်သီးနှံဈေးကတော့ ယခင်နှစ်ထက် ဈေးပိုလာခြင်းမရှိကြောင်း သိရပါသည်။ ယခင်နှစ်ကလည်း ပိဿာ(၂၀) တစ်တင်းကျပ် ၆ သောင်းကျော်သာရရှိခဲ့သည်ဟု လေ့လာသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News