စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ သခွားမွှေးသီး၏ ဈေးနှုန်းများမှာ(၁)လုံးလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
Source: https://www.doca.gov.mm