Local News

မြိတ်ကုန်သွယ်ရေးစခန်းကုန်သွယ်မှုအခြေအနေ

Last Updated:

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အတွင်း ငါးကြိတ်သား (၁၄.၄၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံ လက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့လျက်ရှိပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှမောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ် သိန်း) ရှိကြောင်းသိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီးအတွင်း သုံးစွဲရန်လိုအပ်သည့် စက်သုံးဆီများအား ထိုင်းနိုင်ငံမှတင်သွင်းလျက်ရှိရာဇွန်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အတွင်း ဒီဇယ်ဆီ (၁၅၀) တန်နှင့် ဓာတ်ဆီ (၄၀၀) တန် စုစုပေါင်းကုန်သွယ်မှုပမာဏတန်ဖိုး (၀.၄၇၁) ဒေါ်လာ သန်းတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၂၇၀) ကျပ်နှင့်ဒီဇယ် တစ်လီတာ (၂၂၇၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၈၃.၃၀) ကျပ် ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News