Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၁၄-၆-၂၀၂၃ ရက်နေ့ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်နိုင်မှု

Last Updated:

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်း(၁၀)မျိုးမှာပြောင်း၊ ကြက်သွန် ဖြူ၊ လက်ဖက်ခြောက်၊ ကတ္ထူစက္ကူ၊ ပလပ်စတစ်ဗူးခွံဟောင်း၊ဆေးရွက်ကြီးနှင့် ပုဇွန်ဖွဲတို့ တင်ပို့လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၁၂)ဒေါ်လာ၊ ကြက်သွန်ဖြူ တစ်တန် လျှင် (၁၄၅၃)ဒေါ်လာ၊ လက်ဖက်ခြောက် တစ်တန်လျှင် (၅၈၀)ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၆)ဒေါ်လာ၊ ပလပ်စတစ်ဗူးခွံဟောင်းတစ်တန်လျှင် (၁၁၆)ဒေါ်လာ၊ ဆေးရွက်ကြီး တစ်တန်လျှင် (၄၈၇)ဒေါ်လာနှင့် ပုစွန်ဖွဲတစ်တန်လျှင် (၄၈၀)ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တောင်ကြီး- တာချီလိတ် ကုန်ကျစ်တစ်တန်လျှင် (၁၅၀၀၀၀)ကျပ်၊ ကုန်ပွ(၁၇၀၀၀၀)ကျပ်နှင့်ကျိုင်းတုံ-တာချီလိတ် ကုန်ကျစ်တစ်တန်(၃၀၀၀၀)ကျပ်၊ ကုန်ပွတစ်တန် (၄၀၀၀၀)ကျပ်ဖြစ်ပါသည်။

          ယခုအပတ်တွင် ပြောင်းတန်ချိန် (၅၉၆၀.၉၈၈) တန်၊ တန်ဖိုး (၂.၀၀၇)ဒေါ်လာသန်း၊ ကြက်သွန်ဖြူတန်ချိန် (၁၂၅) တန်၊ တန်ဖိုး (၁.၁၈၁) ဒေါ်လာသန်း၊ လက်ဖက်ခြောက် တန်ချိန် (၁၆.၈)တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ဆေးရွက်ကြီး တန်ချိန် (၃၂.၈၇၃) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ပုဇွန်ဖွဲ တန်ချိန် (၁၀၁)တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ ကတ္ထူစက္ကူအဟောင်းတန်ချိန် (၉၈)တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ပလတ်စတစ် ဘူးခွံအဟောင်းတန်ချိန် (၆၆)တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ တာချီလိတ် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ (၄)မိုင်ဂိတ်၊တာကော်တံတားဂိတ်၊ ကျိုင်းတုံ(နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအားကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR)စစ်ဆေး၍ ဆောင်ရွက်နေသည့် အတွက် ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့လျက်ရှိပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၁၇၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းလျက်ရှိရာအများဆုံးသွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဘိလပ်မြေ၊ သံချောင်း၊ Nitric Acid၊ Activated Carbon၊ Mixed LPG၊ ဒီဇယ်၊ ဓါတ်ဆီ၊ မီးခံအုတ်၊ ကော်ပိုက်၊ ကွန်ကရစ်အမိုးပြား၊ သွပ်ပြားတို့ တင်သွင်းလျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေတစ်တန်လျှင်(၇၈)ဒေါ်လာ၊ သံချောင်းတစ်တန်လျှင် (၆၈၂)ဒေါ်လာ၊ Nitric Acid တစ်တန်လျှင် (၃၁၈)ဒေါ်လာ ၊ Activated Carbon တစ်တန်လျှင် (၆၉၃) ဒေါ်လာ၊ Mixed LPG(MBTU) တစ်တန်လျှင် (၁၆)ဒေါ်လာ၊ ဒီဇယ်ဆီ တစ်တန်လျှင် (၇၈၂)ဒေါ်လာ၊ ဓါတ်ဆီတစ်တန်လျှင် (၉၂၈) ဒေါ်လာ၊ မီးခံအုတ်တစ်တန်လျှင် (၁၅၀) ဒေါ်လာ၊ ကော်ပိုက်တစ်တန်လျှင် (၁၅၆၀)ဒေါ်လာ၊ ကွန်ကရစ်အမိုးပြားတစ်တန်လျှင် (၂၄၀) ဒေါ်လာ၊ သွပ်ပြားတစ်တန်လျှင် (၁၆၈၀)ဒေါ်လာဖြစ်ပါသည်။

          သယ်ယူစရိတ်အနေဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ကုန်ကျစ်တစ်တန်လျှင် (၂၂၀၀၀)ကျပ်နှင့် ကုန်ပွတစ်တန်လျှင် (၃၀၀၀၀)ကျပ်ဖြစ်ပါသည်။ ယခုအပတ်တွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအပိုင်းတွင် တန်ဖိုး (၀.၇၀၈)‌ဒေါ်လာသန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအပိုင်းတွင် တန်ဖိုး(၁.၂၁၂)ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်းအပိုင်းတွင် (၀.၀၅၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၁၇၀)ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News