Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၀-၆-၂၀၂၃)ရက်နေ့မှ (၁၂-၆-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်းနှင့် ကွမ်းသီးတို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ သဲကဏန်း၊ ဝသုံးလုံးကဏန်းနှင့် ငါးဓားလွယ်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/ အမျိုးသမီး ဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

          (၁၀-၆-၂၀၂၃ မှ ၁၂-၆-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ CMP ၊ ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကွမ်းသီး၊ ရေထွက်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင် ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင် နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံး ပစ္စည်း၊ စက်ရုံသုံး ပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material ၊ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ တိရိစ္ဆာန်ဆေးဝါးနှင့် စက်ဆီ/ချောဆီတို့ တင်သွင်းလျက်ရှိသည်။  

          (၁၀-၆-၂၀၂၃ မှ ၁၂-၆-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ Garment ၊ ဆေးနှင့်ဆေးပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ သစ်သီး၊ LPG (ဓာတ်ငွေ့ရည်)၊ ဓာတ်မြေဩဇာ၊ သစ်သီး၊ စက်ဆီ/ချောဆီနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ်ပေါ် ရေးပြန်လည်ဆောင်ရွက်လျက်ရှိသည်။ ငွေစျေးနှုန်းအနေဖြင့် ယခင်သီတင်းပတ်က တစ်ဘတ်လျှင် (85.00) ကျပ်သာရှိခဲ့ပြီး ယခုသီတင်းပတ်တွင် (85.11) ကျပ်ထိရှိလာ၍ ဘတ်စျေးအနည်းပြန်တက်လာသော်လည်း နယ်မြေတည်ငြိမ်မှုမရှိသည့် ကာလနှင့် သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလတို့တွင် တင်သွင်းနိုင်မှုမရှိသည့် ကုန်ပစ္စည်းများကို ယခုအခါ ပိုမို တင်သွင်းလျက်ရှိကြောင်း သိရှိရပသည်။

          (၃-၆-၂၀၂၃ မှ ၉-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁) တန်လျှင် (311.203) ဒေါ်လာနှုန်းဖြင့် (21474.680)တန်၊ (6.683)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (13.527)တန်၊ (140.874)U၊ (1.581) ဒေါ်လာသန်း၊ ငရုတ်သီး (စိမ်း) (အစို) (၁) တန်လျှင် (672.872)ဒေါ်လာနှုန်းဖြင့် (609.328) တန် (0.410) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (503.217)ဒေါ်လာနှုန်းဖြင့် (777)တန်၊ (0.391)ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (1642.153)ဒေါ်လာနှုန်းဖြင့် (125.445)တန်၊ (0.206)ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (188.823)ဒေါ်လာနှုန်းဖြင့် (1084.600)တန်၊ (၀.198)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (1500)ဒေါ်လာနှုန်းဖြင့် (100)တန်၊ (0.150)ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (1052.083)ဒေါ်လာနှုန်းဖြင့် (96) တန်၊ (၀.101)ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁)တန်လျှင် (1067.301)ဒေါ်လာနှုန်းဖြင့် (48.721)တန်၊ (0.052)ဒေါ်လာသန်းနှင့် ကွမ်းသီး(၁)တန်လျှင် (1594.827)ဒေါ်လာနှုန်းဖြင့် (23.200)တန်၊ (၀.037) ဒေါ်လာ သန်းတို့ဖြစ်သည်။

          ပို့ကုန်ကားခအနေဖြင့် ယာဉ်အမျိုးအစားအလိုက် (၁၂)ဘီး တစ်စီး၏ ကုန်ကျစ်(၁)ပိဿာ စျေးနှုန်းမှာ (၁၂၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ(၁၃၀)ကျပ်၊ (၂၂)ဘီးတစ်စီး၏ ကုန်ကျစ် (၁)ပိဿာ စျေးနှုန်းမှာ (၉၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၀၀)ကျပ် ရှိပါသည်။

        (၃-၆-၂၀၂၃ မှ ၉-၆-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (9.278)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းမျိုးစုံ (1.629)‌ ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (1.240)ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်း များ(0.941)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (0.872)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (0.819) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ(0.730)ဒေါ်လာသန်း၊ သုတ်ဆေးနှင့်ပေါလစ်များ(0.682)ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ(0.597)ဒေါ်လာသန်းနှင့် ဘတ္ထရီအခြောက်များ (0.562)ဒေါ်လာသန်း တို့ဖြစ်ပါသည်။ သွင်းကုန်ကားခ(ကုန်စုံပစ္စည်း)အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီး တစ်စီး၏ ကုန်ကျစ်(၁)ပိဿာ စျေးနှုန်းမှာ(၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးတစ်စီး၏ ကုန်ကျစ်(၁)ပိဿာစျေး နှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News