Local News

မြိတ်ဒေသထွက် ပနားမီးပုစွန်ဖြူကို တရုတ်နိုင်ငံသို့ တင်ပို့နေရ

Last Updated:

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ မွေးမြူထုတ်လုပ်ပြီး ထွက်ရှိလာတဲ့ ပနားမီးပုစွန်ဖြူကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ တင်ပို့နေရတယ်လို့ သိရပါတယ်။ ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည့် ပနားမီးပုစွန်ဖြူကို တရုတ်နိုင်ငံအပြင် ဂျပန်နိုင်ငံသို့လည်း တင်ပို့လျက်ရှိတယ်လို့လည်း ဆိုပါတယ်။ ပနားမီးပုစွန်ဖြူကို မြိတ်ကျွန်းစုတွင် နှစ်ဧကခွဲအကျယ်ရှိသော ပုစွန်ကန် ၂၀၀ ကျော်နှင့် ကော့သောင်းတွင် ကန် ၁၀၀ ခန့် မွေးမြူလျက်ရှိပြီး ထားဝယ်တွင်မွေးမြူရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

     ပနားမီးပုစွန်ဖြူကို မြိတ်ကျွန်းစု၌ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ်စတင်မွေးမြူခဲ့ပြီး ပင်လယ်ရေသန့်ရှင်းမှုကြောင့် ပုစွန်မွေးမြူမှု ပိုမိုအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ခိုင်မာသော ပြည်ပဈေးကွက်ရရှိပါက ယခုထက်ပိုမိုမွေးမြူရန် ရေလုပ်ငန်းရှင်များက စိတ်ဝင်စားနေကြတယ်လို့ ဒေသခံမွေးမြူ ရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။

Source: https://t.me/htwettoe

Category: Local News