Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လ တတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံ များထဲမှ ဂျုံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲကြီး၊ ပဲနီလုံးရိုးရိုး၊ ပဲနီ လုံးကြား၊ CP ပြောင်းနှင့် ကုလားပဲ (မျိုးစုံ) ဈေးနှုန်းများမြင့်တက်လာပြီး ပဲတီစိမ်းကြီး၊ ပုဂံပဲ၊ မြေထောက်ပဲ၊ ပဲယင်းဝါ၊ ထောပတ်ပဲတို့ ဈေးငြိမ်လျှက် ရှိကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၅၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၇၅၀၀)ကျပ်၊ ပဲကြီး (၁၀၁၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၆၅၀၀)ကျပ်၊ မတ်ပဲ (၇၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၅၀၀-၅၅၅၀၀) ကျပ်၊ ပဲတီစိမ်းသေး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၃၀၀၀)ကျပ်၊ ပုဂံပဲ (၈၈၀၀၀)ကျပ်၊ မြေထောက်ပဲ (၁၀၅၀၀၀)၊ ပဲယင်းဝါ (၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၅၀၀) ကျပ်၊ ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကုဖြူလုံးကြီး (၈၈၈၀၀)ကျပ်၊ ကုဖြူလုံးသေး (၈၈၈၀၀)ကျပ်၊ 929 (၈၈၃၀၀)ကျပ်၊ ထိုင်ဝမ် (၈၇၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရပါသည်။ ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် (၆၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၅၀၀၀)ကျပ်၊ ပဲကြီး (၉၉၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၅၀၀-၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၁၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၂၀၀၀)ကျပ်၊ ပုဂံပဲ (၈၈၀၀၀)ကျပ်၊ မြေထောက်ပဲ (၉၈၀၀၀-၁၀၅၀၀၀)၊ ပဲယင်းဝါ (၅၅၀၀၀) ကျပ်၊ ထောပတ်ပဲ (၉၈၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၂၀၀)ကျပ်၊ ကုဖြူလုံးကြီး တစ်တင်းလျှင် (၈၇၀၀၀)ကျပ်၊ ကုဖြူလုံးသေး (၈၇၀၀၀)ကျပ်၊ 929 (၈၇၀၀၀)ကျပ်၊ ထိုင်ဝမ် (၈၅၀၀၀)ကျပ် ပေါက် ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး၊ ပုဂံပဲ၊ မြေထောက်ပဲ၊ ပဲယင်းဝါ၊ ထောပတ်ပဲတို့ဈေးငြိမ်၍ ကျန်ပဲများအားလုံး ဈေးမြင့်တက်လာကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News