Local News

ယခုရက်ပိုင်း ကြက်သွန်နီစျေးမြင့်တက်လာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကို နေရာအနှံအပြားတွင် စိုက်ပျိုးကြသော်လည်း ပခုက္ကူနှင့်ဆိပ်ဖြူ ဒေသတို့တွင် အဓိကသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ကြက်သွန်နီသည် စားဖိုဆောင်တွင် မရှိမဖြစ်လိုအပ်သည့် သီးနှံဖြစ်ခြင်း၊ တရုတ်သို့ တင်ပို့ရောင်းချနေရခြင်းတို့ကြောင့် ယခုရက်ပိုင်းတွင် စျေးနှုန်းအနည်းငယ် မြင့်တက်လာ ပါသည်။ ပခုက္ကူကြက်သွန်နီနှင့် ဆိပ်ဖြူကြက်သွန်နီတို့သည် စျေးကွက်တွင် နေရာတစ်ခုအနေဖြင့် ရရှိထားပြီး လည်းဖြစ်ပါသည်။

ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သို့ ဆိပ်ဖြူဒေသမှကြက်သွန်စိုက်ကျေးရွာများအပြင် ပခုက္ကူ၊ ပေါက်၊ ဆော၊ စလင်း (ဆင်ဖြူကျွန်း)‌ ဒေသများမှပင် လာရောက်ရောင်းချကြပါသည်။ အဆိုပါ ကြက်သွန်ကုန်စည်ဒိုင်မှတဆင့် ရန်ကုန်သို့ အများဆုံး တင်ပို့ရောင်းချကြပြီး မူဆယ်၊ မြဝတီ၊ မော်လမြိုင်နှင့် ဧရာဝတီတိုင်းတို့အထိ တင်ပို့ရောင်းချရပါသည်။

ကြက်သွန်နီစျေးမှာ ယခုရက်ပိုင်းတွင် တစ်ပိသာလျှင် (၂၃၅၀)ကျပ်အထိ စျေးရရှိပြီး ယခင်ရက်များထက် စျေးရရှိ နေပါသည်။ တစ်ရက်လျှင် ကြက်သွန်နီကုန်စည်ဒိုင်သို့ ပိသာ(၁၉၅ဝဝ)ကျော် အဝင်ရှိနေပြီး လက်ကျန်မှာ ပိသာ သိန်း (၅၀)မှ(၆၀)ကြား ကျန်ရှိနေကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News