Local News

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ငါးမြစ်ချင်း ပိဿာချိန် ၈၄၀၀၀ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ငါးမြစ်ချင်းပိဿာချိန် ၈၄၀၀၀ တင်ပို့ရောင်းချခဲ့ရကြောင်း ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဆွေက ပြောပြ၍ သိရသည်။

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက ငါးမြစ်ချင်း ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်နေ့ထိ ငါးမြစ်ချင်းပိဿာချိန် ၈၄၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလထက် အောက်တိုဘာလတွင် ငါးမြစ်ချင်းပိဿာချိန် ၃၉၀၀၀ ပိုမိုတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်မြို့ကို ရေထွက်ကုန်ပစ္စည်းတွေကို တင်ပို့ရောင်းချလျက်ရှိပါတယ်။ စက်တင်ဘာလကထက် အောက်တိုဘာလထဲမှာ ငါးမြစ်ချင်း ပိဿာချိန် ၃၉၀၀၀ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ငါးမြစ်ချင်းတွေကို ကုန်တင်ကားတွေနဲ့ အဓိကတင်ပို့ရောင်းချနေပါတယ်။ အခြားရေထွက်ကုန်တွေလဲ ရန်ကုန်ဈေးကွက်ကို ပုံမှန်တင်ပို့ရောင်းချနေပါတယ်” ဟု ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းဆွေက ပြောပြသည်။

ဝါးခယ်မမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီးစနစ်တကျ အမျိုးအစားခွဲခြားသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့အများဆုံးတင်ပို့ ရောင်းချနေကြောင်း၊ ငါးမြစ်ချင်းပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၈၀၀၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News